Hail, Caesar! HD

Hail, Caesar!

Comedy Crime Mystery HD 2016-02-05 5.915 106 Min

၁၉၅၀ ခုနှစ် ဟောလိဝုဒ်ရုပ်ရှင်လောကကို ထင်ဟပ်ထားတဲ့Dark Comedy အမျိုးအစား ဇာတ်လမ်းတစ်ပုဒ်အနေနဲ့ Hail Ceasar! ကို တင်ဆက်ပေးလိုက်ရပါတယ်။ကတ်ပီတော်ပစ်ချားရုပ်ရှင်ထုတ်လုပ်ရေးရဲ့ fixer ဖြစ်တဲ့အက်ဒီမန်းနစ်စ်ရဲ့ တစ်နေ့စာအလွဲများလို့ ဆိုရမယ့်ဇာတ်ကားလည်းဖြစ်ပါတယ်။ရုပ်ရှင်လောကကို ဖော်ပြတဲ့ဇာတ်ကားဖြစ်တာနဲ့အမျှA-List Actor အများစုကို အသုံးပြုထားတာတွေ့ရပါတယ်။ သရုပ်ဆောင်တွေအနေနဲ့ Josh Brolin, George Clooney, AldenEhrenreich, RalphFiennes, Jonah Hill, Scarlett Johannsson, Frances McDorman,Tilda Swinton နဲ့ Channing Tatumအထိ မြိုင်မြိုင်ဆိုင်ဆိုင် ပါဝင်ထားကြပါတယ်ဇာတ်လမ်းအကျဉ်းအနေနဲ့ ကတ်ပီတော်ပစ်ချား ရဲ့ထုတ်လုပ်ရေးဦးစီးဖြစ်တဲ့ အက်ဒီမန်းနစ်စ်ဟာစတူဒီယိုရဲ့ အရှုပ်တော်ပုံများကိုလိုက်လံဒိုင်ခံ ဖြေရှင်းရသူ တစ်ဦးလည်း ဖြစ်ပါတယ်။တစ်ရက်မှာစတူဒီယိုရဲ့အဓိကပရော်ဂျက်ဖြစ်တဲ့ “Hail Ceasar” ရဲ့ အဓိကသရုပ်ဆောင်ဘာ့တ်ဝှစ်လော့တ် ရိုက်ကွင်းကနေ ဆေးခတ်ပြီး ပြန်ပေးဆွဲခံခဲ့ရပါတယ်။စတူဒီယိုအပေါ်မကျေနပ်ချက်တွေကြားမှာမြေစာပင်ဖြစ်ခဲ့ရသူ ဘာ့တ်ဝှစ်လော့တ်ကလည်းစာရေးဆရာကွန်မြူနစ်အုပ်စု ကြားထဲကို ရောက်သွားခဲ့ပါတယ်။ဒီလိုနဲ့ အက်ဒီမန်းနစ်စ်ဟာ ပြန်ပေးငွေ ဒေါ်လာ ၁ သိန်းကိုပေးပြီးဖြေရှင်းရန်ကြိုးစားစဉ်မှာပဲဘာ့တ်ဝှစ်လော့တ် ရဲ့ အညှီအဟောက်သတင်းတွေကိုအနံ့ရပြီး အမြတ်ထုတ်ချင်နေသူ သိုရာ နဲ့သတ်စလေ ညီအစ်မတို့ရန် ကလည်း ဉာဏ်နဲ့ ဖြေရှင်း ရပါသေးတယ်။တစ်ဖက်မှာလည်းစတူဒီယိုအတွက် မင်းသားရှာတဲ့ အလုပ်၊လင်ကောင်မပေါ်ဘဲ ကလေးရလာမယ့်မင်းသမီးအတွက် စတူဒီယိုပုံရိပ်မကျအောင် ကြံစည်ရပုံတွေ၊ဘာ့တ်ဝှစ်လော့တ်ကို ဖမ်းခေါ်သွားတဲ့ လူတွေ နောက်ကိုစုံစမ်းဖို့ကိစ္စတွေကို ၂၄ နာရီနီးပါးအတွင်းမှာ အက်ဒီမန်းနစ်စ် တစ်ယောက်အကွက်ကျကျ ဘယ်လိုစီမံသွားမလဲဆိုတာကို ကြည့်ရှုရမှာ ဖြစ်ပါတယ်။