Destroy All Neighbors HD

Destroy All Neighbors

Comedy Horror Music HD 2024-01-12 4.333 85 Min

Rock n Roll ဂီတရူးသွပ်သူ Prog-Rock ဂီတပညာရှင် ဝီလီယံဘရောင်းက သူ့အယ်လ်ဘမ် အပြီးသတ်ဖို့ ကြိုးစားရင်း အိပ်မက်ဆိုးလို ကြောက်ဖို့ကောင်းတဲ့ အဖြစ်အပျက်တွေ ဆက်တိုက်ကြုံရတဲ့ဟာသ Horror ရုပ်ရှင်ဖြစ်ပါတယ်။ဝီလီယံက ချစ်သူအမ်မလီနဲ့အတူ အဆောက်အဦးဟောင်းတစ်ခုမှာ တိုက်ခန်းငှားနေပါတယ်။ သူတို့အခန်းနားပတ်လည်က စိတ်ရှုပ်စရာ အိမ်နီးချင်းတွေနဲ့ဆူသံတွေကြောင့် သူ့အယ်လ်ဘမ် မပြီးတာလို့ ယူဆနေတာပါ။ တကယ်က အဲဒီလိုဖြစ်နေတာ ကြာခဲ့ပါပြီ။ တစ်ညမှာတော့ အသစ်ပြောင်းလာတဲ့ အိမ်နီးချင်း ဗလက်ဆိုတဲ့လူကြီးကညလုံးပေါက်ဆူညံနေရာကနေ ဝီလီယံက သည်းမခံနိုင်တော့ဘဲ စိတ်ရူးပေါက်ပြီး ဗလက်ကို သတ်မိသွားပါတယ်။ဒါပေမဲ့ သေသွားတဲ့ဗလက်က ဝိညာဉ်အဖြစ်နဲ့ သူ့ကို စိတ်အနှောင့်အယှက်ပေးနေတဲ့အခါ ဗလက်အလောင်းကို ရှင်းပစ်ဖို့ နည်းမျိုးစုံကြံရင်း မမျှော်လင့်ဘဲ လူထပ်သတ်မိပြန်ပါတယ်။ အဲဒီလိုကနေ အမှုဖုံးဖို့လုပ်ရာက လူသုံးယောက်ဆက်တိုက်သတ်မိပြီး ရည်းစားနဲ့ပါ ကတောက်ကဆဖြစ်ပြီး ပြတ်သွားပါတယ်။သူ သတ်ခဲ့တဲ့သူတွေက သူ့နားမှာ ခြောက်လှန့်နေပြီး ရဲတွေကပါ လိုက်လာတဲ့အခါ သရဲ‌တွေအကူအညီနဲ့ ဝီလီယံတစ်ယောက် အနှောင့်အယှက်တွေကြားကနေ ဘယ်လို အမိုက်စား အယ်လ်ဘမ်ကြီး ဖန်တီးမလဲ‌ဆိုတာ… ဆက်လက်အားပေးနိုင်ပါပြီ။