Freelancer PD အဖြစ် အလုပ်လုပ်နေတဲ့ ချွဲဒုံဂျူ(Park SunHo)ဟာအမှတ်မထင်ရခဲ့တဲ့ Link ထဲ ဝင်ကြည့်မိရင်းက သူ့ရဲ့ကောင်မလေးချောင်းရိုက်ကင်မရာနဲ့ တိုက်ရိုက် Live လွှင့်ခံနေရတာကို တွေ့လိုက်မိတဲ့အခါ…Coins ရဖိုအတွက် ကြည့်ရှုသူတွေစိတ်တိုင်းကျအဖော်အချွတ်ဗီဒီယိုတွေရောင်းဖို ပြန်ပေးဆွဲခံထားရတဲ့ ကောင်မလေးဖြစ်သူကို ဘယ်လိုရအောင်ကယ်သွားမလဲဆိုတာကို ရင်တထိတ်ထိတ်နဲ့ စောင့်ကြည့်သွားရမယ့်ဇာတ်ကားကောင်းလေးပဲဖြစ်ပါတယ်။အဲဒီထုတ်လွှင့်မှုရဲ့အဓိကဗီလိန်ကြီးအဖြစ် သရုပ်ဆောင်ထားတာကတော့The Killing Vote ထဲက မင်းသားကြီး Park SungWoong ဖြစ်တာမိုလိုဇာတ်ကား စ၊လယ်၊ဆုံး မျက်တောင်မခတ်စတမ်းစိတ်ဝင်တစားနဲ့ကြည့်ရှုသွားရမှာပါ။