ဒီတစ်ခါမှာတော့ ယိုယွိနယ်စပ်မှာစစ်ပွဲပြင်းထန်နေတဲ့အကြောင်းအမှုကိုအခြေခံထားတယ်။ယိုယွိနယ်စပ်မှာစစ်ပွဲပြင်းထန်နေပြီး စားနပ်ရိက္ခာပြတ်လပ်နေတဲ့အချိန်ဖျင်အန်းပို့ဆောင်ရေးစခန်းက ရဲမက်တွေအတွက်စားနပ်ရိက္ခာပို့ဆောင်တဲ့ ခရီးကိုစတင်ခဲ့တယ်။ဒီလိုနဲ့စစ်သည်အင်အားမမျှ စားနပ်ရိက္ခာပြတ်လပ်နေတဲ့ယန်အိမ်တော်တပ်ကို နန်းတော်ကအာဏာပါးကွက်ကြားမှူးမတ်တွေရဲ့မျက်ကွက်ပြုမှုပါခံထားရတယ်။အဲ့အချိန်မှာ မြို့ထဲမှာကြွက်သေအမြောက်အမြားဖြစ်ပွားနေတဲ့တချိန်တည်းမှာရန်သူတပ်ဘက်ကနေအလောင်းကိုလွှင့်ပစ်လာတယ်။ဒီလိုအကျပ်ရိုက်နေတဲ့ယန်အိမ်တော်စစ်တပ်ဘယ်လိုတွေကြုံတွေ့လာရမလဲ။ ဒီကြွက်သေနဲ့လူသေအလောင်းဘယ်လိုပတ်သက်နေလဲ။ဖျင်အန်းပို့ဆောင်ရေးအဖွဲ့ကကော ဘယ်လိုအမှုကိုဖော်ထုတ်ကြမလဲ။ဒီ့ထက်ပိုစိတ်ဝင်စရာကောင်းတဲ့အကြောင်းရာတွေကို သိချင်တယ်ဆိုရင်တော့ဒီဇာတ်လမ်းကိုဆက်လက်ကြည့်ရူအဖြေရှာကြည့်ရအောင် ~