Basic HD

Basic

Action Crime Drama Thriller Mystery HD 2003-04-18 6.516 98 Min

တွမ်ဟာဒီဆိုသူဟာ အရင်က စစ်တပ်ရဲ့ရိန်းဂျားဟောင်းတစ်ယောက်ဖြစ်ပြီး လက်ရှိမှာ သူဟာ ဒီအီးအေလို့ခေါ်တဲ့ မူးယစ်တိုက်ဖျက်ရေးအဖွဲ့မှာ သူလျှိုအဖြစ်လုပ်ကိုင်နေပါတယ်။ တစ်နေ့မှာသူတာဝန်ထမ်းဆောင်ခဲ့တဲ့ အခြေစိုက်စခန်းမှာ ညွှန်းကြားရေးမှူးအဖြစ်လုပ်ကိုင်နေတဲ့ သူ့ရဲ့ရိန်းဂျားတပ်ဖွဲ့ဝင်ဟောင်း သူငယ်ချင်းတစ်ယောက်က အတော်လေးရှုပ်ထွေးတဲ့အမှုတစ်ခုကို ကူညီဖြေရှင်းပေးဖို့အကူအညီတောင်းလာခဲ့ပါတယ်။မုန်တိုင်းပြင်းထန်နေတဲ့တစ်နေ့မှာ တပ်ကြပ်ကြီးဝက်စ်ဟာ သူ့ရဲ့တပ်သားတွေနဲ့အတူ လေ့ကျင့်ရေးခရီးစဉ်ထွက်ခဲ့ပါတယ်။ ဒါပေမဲ့ မုန်တိုင်းကြောင့်ဝက်စ်တို့တပ်ဖွဲ့ပြန်လာရမယ့်အချိန်က နောက်ကျသွားပြီး အခြေစိုက်စခန်းကနေသွားပြန်ခေါ်တဲ့အချိန်မှာ ထွက်သွားခဲ့တဲ့တပ်ကြပ်ကြီးဝက်စ်အပြင် ပါသွားတဲ့ရိန်းဂျားခြောက်ယောက်ထဲက သုံး ယောက်ပါအသေပျောက်ပျောက်သွားပါတယ်။ ကျန်ခဲ့တဲ့သုံးယောက်ထဲမှာ နှစ်ယောက်က အချင်းချင်းပစ်နေပြီးတော့ တစ်ယောက်ကသေ တစ်ယောက်က သေနတ်ဒဏ်ရာရပြီး နောက်ဆုံးကျန်တဲ့ဒန်ဘာဆိုတဲ့ရိန်းဂျားကနေ သေနတ်ပစ်ခံထားရတဲ့တစ်ယောက်ကို ပြန်ခေါ်လာခဲ့ရပါတယ်။ဒါပေမဲ့ အခြေစိုက်စခန်းကိုပြန်ရောက်တဲ့အချိန် ဒန်ဘာ့ကို မေးမြန်းတဲ့အခါမှာ ဘာတစ်ခွန်းမှပြန်ဖြေဘဲ အခုစစ်ဆင်ရေးထဲမပါသွားတဲ့ ရိန်းဂျားဟောင်းတစ်ယောက်ကိုခေါ်ပေးမှပဲမေးတာတွေဖြေပေးမယ်ဆိုပြီးဖြစ်လာခဲ့ပါတယ်။ ဒီလိုနဲ့ တွမ်ဟာဒီရဲ့ဇာတ်ဝင်ခန်းရောက်ရှိလာခဲ့ပြီး ဟာဒီတစ်ယောက် ရှုပ်ထွေးမှုပေါင်းများစွာပြည့်နှက်နေတဲ့ လူသတ်မှု၊ သေကြေပျောက်ဆုံးမှုတွေကိုဘယ်လိုဖြေရှင်းမလဲဆိုတာကို ကြည့်ရှုရမှာပဲဖြစ်ပါတယ်။