လူသတ်မှုသတင်းပေးချက်ဝင်လာလို့ ရဲတွေ မှုခင်းဆေးစစ်တွေနဲ့ ပျာယာခတ်နေတဲ့ ဆေးရုံတစ်ရုံမှာ..သတင်းပေးတဲ့လူတွေက ကျောင်းသားလေး၃ယောက် ၃ယောက်စလုံး “သရဲသတ်တာ”“သရဲပုံစံဖြစ်နေတဲ့မိန်းမ” “မိန်းမပုံစံဖြစ်နေတဲ့သရဲ” ဆိုပြီးတောင်စဉ်ရေမရတွေပြောနေကြလေရဲ့ သတ်ပုံကလည်း ယောကျာ်းရင့်မာကြီးကိုကားခေါင်မိုးပေါ်ဆွဲတင်ပြီးသတ်ထားတာ တရားခံကမိန်းမဆိုတော့မိန်းမတစ်ယောက်အနေနဲ့ ဒီလောက်အားကြီးဖွယ်ရာမရှိနိုင်တော့ ပဟေဠိတစ်ခု အဖြေညှိဖို့ လမ်းတွေက CCTV တွေ အနီးနားကလူတွေပတ်မေးရင်းပွက်လောရိုက်သွားတဲ့လူသတ်မှုတစ်ခုဖြစ်သွားလေရဲ့အနီးနားကလူတွေကလည်း ဒီလိုညဘက်ကြီး အဲဒီကိုဘယ်သူမှမသွားကြဘူး သရဲလုပ်တာပဲဆိုပြီးပြောနေလေတော့တကယ်ပဲသရဲကသတ်သွားတာလား ဒီလိုလျှို့ဝှက်ဆန်းကြယ်တဲ့ လူသတ်မှုနောက်ကွယ်မှာ ဘာရှိနိုင်မလဲဆိုတာကိုတော့….