Lila & Eve HD

Lila & Eve

Drama Thriller HD 2015-07-31 6.022 94 Min

ဒီနေ့မှာတော့ အားလုံးရဲ့အသည်းစွဲ Jennifer Lopez ပါဝင်သရုပ်ဆောင်ထားတဲ့ မူခင်းရုပ်ရှင်တစ်ကားကို CM ပရိသတ်ကြီးအတွက်တင်ဆက်ပေးလိုက်ရပါတယ် ။Lila and Eve လို့ အမည်ရတဲ့ ဒီရုပ်ရှင်ထဲမှာတော့ Lila ဆိုတဲ့ အမျိုးသမီးကသူ့သား Stephon ကို လောလောလတ်လတ် ဆုံးရှုံးထားရတဲ့သူပါ ။ဘာအပြစ်မှမရှိဘဲ မတရားသဖြင့် သေသွားရတဲ့ သားဖြစ်သူအတွက်ပူဆွေးနေရတဲ့ Lila ဟာ သူ့လိုမျိုး ဘဝတူမိခင်တွေအတွက်ဖေးကူရေးအဖွဲ့တစ်ခုရဲ့ စကားဝိုင်းကို သွားခဲ့ပါတယ် ။ အဲဒီမှာပဲ သူ့လိုမျိုးပဲသားသမီးဆုံးရှုံးထားတဲ့ Eve နဲ့ တွေ့ဆုံဖြစ်ခဲ့ပါတယ် ။ တကယ်တော့Lila လိုချင်တာက သူ့သားကို သတ်ခဲ့တဲ့ တရားခံကို ရှာဖို့ပါပဲ။ ရဲတွေကိုအမျိုးမျိုးဆက်သွယ်ခဲ့ပေမယ့် အဖတ်မလုပ်တဲ့နောက်မှာတော့ Eve ကသူ ကူညီပေးမယ်လို့ ဆိုလာပါတယ် ။ Stephon ကို သတ်သွားတဲ့တရားခံကို Lila နဲ့ Eve တို့ ရှာတွေ့နိုင်မလား။ တရားခံရှာရင်းကနေဘယ်လိုပြဿနာမျိုးတွေနဲ့ ရင်ဆိုင်ရမလဲ ဆိုတာကို သားဖြစ်သူကိုဆုံးရှုံးထားတဲ့ မိခင်တစ်ယောက်ရဲ့ နေရာကနေ ဝင်ခံစားနေရသလိုမျိုးကြည့်ရှုရမှာဖြစ်ပါတယ် ။ဒီရုပ်ရှင်မှာတော့ Lilaအဖြစ် အော်စကာဆု ၊ ဂရမ်မီဆုတွေအပြင်သရုပ်ဆောင်ဆု သုံးထပ်ကွမ်း ပိုင်ရှင် Viola Davis က ပါဝင်သရုပ်ဆောင်ထားပြီးEve အဖြစ် အားလုံးသိကြတဲ့ မင်းသမီးကြီး Jennifer Lopezကပါဝင်ထားပါတယ် ။ Lila and Eve ရုပ်ရှင်ဟာ ၁၉၉၈ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့Out of Sight ရုပ်ရှင်ပြီးရင် Viola Davis နဲ့ Jennifer Lopez တို့ရဲ့ ဒုတိယအကြိမ်တွဲဖက်ရိုက်ကူးရတဲ့ရုပ်ရှင်လည်းဖြစ်ပါတယ် ။