ဒီဇာတ်ကားကတော့ Necrostorm production က ထုတ်တဲ့ဇာတ်ကားတစ်ကားပါ။သူ့ရုပ်ရှင်တွေဟာဆိုရင် တစ်ကားလုံးသတ်မယ်ဖြတ်မယ်သွေးသံတရဲရဲကိုသာ ဦးစားပေးရိုက်ပြသွားတဲ့ကားတွေပါ…။ဇာတ်လမ်းအကျဥ်းကိုပြောပြရရင်…သက္ကရာဇ် ၂၁၆၁ခုနှစ်အရောက်မှာတော့ ကမ္ဘာကြီးဟာ ပျက်သုဥ်းလုနီးပါးအခြေအနေကိုရောက်ရှိနေပြီး အုပ်ချုပ်ရေးယန္တရားများစီးပွားရေးယန္တရားများလည်းမလည်ပတ်နိုင်တော့ပါဘူး ဒီလိုအခြေအနေမှာရာဇဝတ်မှုတွေပေါများလာတာနဲ့အညီ စားနပ်ရိက္ခာပြတ်လပ်မှုကိုလည်းကြုံနေရပါတယ်…။လက်ကျန်အစိုးရအနေနဲ့ဒီပြဿနာကိုဖြေရှင်းဖို့အတွက် ရာဇဝတ်သားများကိုသုတ်သင်ရှင်းလင်းပြီး ရရှိတဲ့အသားတွေနဲ့ ကျန်ရှိနေတဲ့ပြည်သူတွေကိုကျွေးမွေးထားပါတယ်…။အချိန်တွေကြာလာတော့ ရာဇဝတ်သားတွေတဖြည်းဖြည်းနည်းသွားသလိုစားနပ်ရိက္ခာလိုအပ်မှုကပိုပြီးကြီးထွားလာပါတယ်ဒီပြဿနာကိုရော ဘယ်လိုဆက်ပြီးဖြေရှင်းကြမလဲဆိုတာကိုရှာရင်းကြံရင်းနဲ့…ဘာတွေဆက်ဖြစ်ကြမလဲဆိုတာကိုတော့ဇာတ်လမ်းလေးထဲမှာကြည့်ရှုနိုင်ပါပြီ….။