Poisoned: The Dirty Truth About Your Food HD

Poisoned: The Dirty Truth About Your Food

Documentary HD 2023-06-09 6.917 83 Min

ဒီတစ်ခါတော့ IMDB 6.8 ရထားပြီး RT 100% ‌‌‌တောင် ရထားတဲ့ Netflix ရဲ့Documentary ဇာတ်ကားကောင်းလေးကို တင်ဆက်ပေးလိုက်ပါတယ်။ဒီဇာတ်လမ်းလေးကိုတော့ စာရေးစရာ Jeff Benedict ရဲ့Poisoned: the deadly truth about E ဆိုတဲ့ စာအုပ်ကိုကျောရိုးယူပြီး အပြင်မှာ တကယ်ဖြစ်ပျက်ခဲ့တဲ့ အကြောင်းတွေကိုပညာ‌‌ရှင်တွေနဲ့အတူတူ မေးမြန်းရိုက်ကူးထားတဲ့ ကားလေးပါ။ဇာတ်လမ်းအကျဉ်းကတော့ US မှာ ဖြစ်ပျက်နေတဲ့အစားအသောက်က ဖြစ်တဲ့ ရောဂါတွေ၊ အဲဒီရောဂါတွေကူးစက်နိုင်မှန်းသိသိနဲ့ပိုက်ဆံတစ်မျက်နှာပဲ ကြည့်တဲ့ စီးပွားရေးလုပ်ငန်းရှင်တွေနဲ့၊ သေသေချာချာမထိန်းချုပ်တဲ့အစိုးရရဲ့ ပျက်ကွက်မှုတွေစတဲ့ ရုပ်ဆိုးတဲ့ အမှန်တရားကို ကြည့်ရှုရမှာဖြစ်ပြီးအဲဒီလိုအခက်အခဲတွေကို ဂရုမစိုက်ဘဲ ပြည်သူတွေဘက်က ရပ်တည်ပြီးတရားစွဲဆိုပေးခဲ့တဲ့ ရှေ့နေ ဘေလ်မာလာ နဲ့အတူ နစ်နာသူတွေဆေးပညာရှင်တွေ လူ့အခွင့်အရေးလှုပ်ရှားသူတွေရဲ့ဖွင့်ဟပြောဆိုမှုတွေနဲ့ဒီပြသနာတွေကို ဖြေရှင်းဖို့ ကြိုးစားပုံတွေ အကြံပြုချက်တွေကိုမေးမြန်းမှတ်တမ်းတင်ထားတာကို ကြည့်ရမှာဖြစ်ပါတယ်။