ဒီဇာတ်ကားလေးကတော့ မင်းသားမင်းသမီးလင်မယားနှစ်ယောက်တည်းနဲ့တစ်ကားလုံးပြီးသွားတာဖြစ်ပြီး လွယ်မလိုလိုနဲ့ခက် ရိုးရှင်းမလိုလိုနဲ့ရှုပ်ထွေးပါတယ်။ဒီဇာတ်ကားလေးရဲ့နာမည်ကတော့ White Blood ဖြစ်ပြီးလက်ရှိ IMDb Rating 6.0 ရရှိထားပြီးအက်ကြောင်းထပ်နေတဲ့ဇာတ်လမ်းဇာတ်ကွက်တွေကိုရိုးအီနေတဲ့လူတွေအတွက် ဦးနှောက်စားပြီးကြည့်ရမဲ့ ဒရာမာဇာတ်ကားလေးပဲဖြစ်ပါတယ်။မာ့ခ်နဲ့ဘက်တီတို့လင်မယားကဇာတ်ကားရဲ့အဓိကသရုပ်ဆောင်တွေဖြစ်ပြီးကံဆိုးစွာနဲ့ပဲ ဘက်တီက ကင်ဆာရောဂါဝေဒနာကိုခံစားနေရပါတယ်။ဒီကြားထဲ ကင်ဆာနဲ့တင်မလုံလောက်သေးလို့ ကိုယ့်ကိုယ်ကိုယ်သေကြောင်းကြံလို့ဆိုပြီးအသည်းအသန်တွေဖြစ်လို့ ဆေးရုံကတက်ခဲ့ရပါသေးတယ်။ဒီလိုနဲ့ဆေးရုံကဆင်းပြီးနောက်မှာလင်မယားနှစ်ယောက်သားကျေးလက်ဘက်မှာရှိတဲ့အိမ်လေးတစ်လုံးမှာသွားအနားယူခဲ့ကြပါတော့တယ်။ဒါပေမယ့် အဲ့ဒီကိုရောက်ပြီးသိပ်မကြာခင်မှာပဲသူတို့နှစ်ယောက်ကြားမှာပြဿနာတွေတစ်ခုပြီးတစ်ခုဖြစ်လာပြီး အရမ်းချစ်ကြတဲ့လင်မယားနှစ်ယောက်ကြားမှာပဋိပက္ခတွေဖြစ်လာကြတဲ့အခါမှာတော့ဘာတွေဆက်ဖြစ်ကြမလဲဆိုတာကိုစိတ်ကူးယဉ်ဆန်ဆန်ဒရာမာဆန်ဆန်နဲ့ကြည့်ရှုရမဲ့ဇာတ်ကားလေးပဲဖြစ်ပါတယ်..