Mars Needs Moms HD

Mars Needs Moms

Family Adventure Animation HD 2011-03-09 6.01 88 Min

ဇာတ်လမ်းကတော့ ကိုးနှစ်အရွယ် မိုင်လိုဆိုတဲ့ကောင်လေးက မာရှန်တွေ (မားစ်ဂြိုဟ်သားတွေ) ပြန်ပေးဆွဲသွားတဲ့ သူ့အမေကို ကယ်တင်တဲ့အကြောင်းပါ။မိုင်လိုက တစ်ညမှာ သူ့အမေနဲ့ စကားများပြီး သူ့မှာအမေလုံး၀မရှိခဲ့ရင်ကောင်းမှာလို့ ပြောပစ်ပါတယ်။ တိုက်တိုက်ဆိုင်ဆိုင်ပဲ အဲဒီညမှာ မိုင်လိုရဲ့အမေကို မာရှန်တွေက မားစ်ဂြိုဟ်ဆီ ပြန်ပေးဆွဲသွားပါတယ်။မိုင်လို သူ့အမေကို တောင်းပန်ဖို့ ဆင်းလာတဲ့အခါတွေ့သွားပြီး လိုက်ခေါ်ရာက သူပါ မားစ်ဂြိုဟ်ပေါ် ပါသွားပါတယ်။ အဲဒီကနေ မာရှန်တွေ ပြန်ပေးဆွဲတဲ့ အကြောင်းရင်းကို သိသွားပြီး သူ့အမေကို ပြန်ခေါ်ဖို့ ကြိုးစားတာကို ကြည့်ရမှာပါ။ ဇာတ်ကွက်ကပဲရိုးနေလို့လား… လက်ရာကွဲသွားတာကြောင့် မအောင်မြင်တာလား အကဲဖြတ်ဖို့ အားပေးလိုက်ကြပါဦး။