Swathi Mutthina Male Haniye HD

Swathi Mutthina Male Haniye

Drama Romance HD 2023-11-24 10 101 Min

IMDb-7.8/10 တလောကမှ စီအမ်ကတင်ဆက်ပေးထားတဲ့ တိုဘီလူမိုက်ကြီးကိုဒီတစ်ခါ ခေါင်းမာတဲ့ရောဂါသည်ဇာတ်ရုပ်နဲ့ မြင်တွေ့ရမှာဖြစ်ပါတယ်အနားမှာရှိတဲ့ လူတစ်ယောက်ရဲ့ဘဝနေဝင်ချိန်ကို ပြုစုစောင့်ရှောက်ပေးရတာစိတ်နှလုံးဘယ်လောက်ပင်ပန်းရလဲသိကြမှာပါဘဝနိဂုံးချုပ်ဖို့ ၅ လတောင်မလိုတော့တဲ့လူနာပေါင်းများစွာကိုအကြံပေးဆွေးနွေးနှစ်သိမ့်စောင့်ရှောက်ရတဲ့ ပရယ်ရာနာ….လူနာတွေရဲ့ နာကျင်ကြေကွဲသံတွေ ကျန်ရစ်သူတွေအပေါ် စိတ်မချနိုင်တဲ့စိတ်တွေနာကျင်လွန်းလို့ အမြန်အဆုံးသတ်ချင်သူတွေ ဒီလူတွေကို နေ့စဉ်နဲ့အမျှ အားပေးနေရတဲ့အပြင်..သူ့ကိုယ်ပိုင်ဘဝမှာလည်း အထီးကျန်ရတာတွေ နွေးထွေးကြင်နာမှုမရတာတွေကိုကြုံတွေ့နေရသူတစ်နေ့မှာတော့ သူတာဝန်ကျဆေးရုံကို ဘာအချက်အလက်မှမပေးချင် သေသွားရင်အလောင်းကိုလမ်းပေါ်သာပစ်ထားလိုက်ဆိုပြီး လက်ကျန်ဘဝအတိုအစကို စီးကရက်တစ်လိပ်နဲ့ အတွေးကြားမျောရင်းကုန်ဆုံးသွားချင်တဲ့လူနာတစ်ယောက်ရောက်လာခဲ့တယ်ဒီလူနာကို လက်ကျန်ဘဝလေးမှာ တန်ဖိုးရှိရှိဖြတ်သန်းနိုင်ဖို့ ကွယ်လွန်ပြီးနောက်ကောင်းကောင်းစီမံနိုင်ဖို့ပရယ်ရာနာရင်ဆိုင်ရတော့တယ် ဒီနှစ်ယောက်ရဲ့တွေ့ဆုံမှုနဲ့ သူတို့ဘဝတွေ ၊ ရင်ဖွင့်သံတွေကြားကromance drama လှလှလေးတစ်ပုဒ်ကိုခံစားကြည့်ပါဦး ဒီကားက ရုံတင်ငွေသောက်သောက်လဲရပြီးရီဗျူးပေါင်းသောင်းချီနေတာမျိုးမဟုတ်ပေမဲ့ ကြည့်မိတဲ့ပရိသတ်တိုင်းဆီက မှတ်ချက်ကောင်းလေးတွေရထားတာမို့ပရိသတ်ကြီးအတွက်တင်ဆက်ပေးလိုက်ပါတယ်