Phases of the Moon HD

Phases of the Moon

Drama Fantasy Romance HD 2022-12-02 7.3 128 Min

ဒီတစ်ခေါက်ကားလေးကတော့ 2022ခုနှစ်ကထွက်ရှိခဲ့တဲ့Phases of the moon ဆိုတဲ့ဇာတ်ကားလေးပဲဖြစ်ပါတယ်။ဒီကားထဲမှာဆိုရင် ဟိုတစ်လောကမှထွက်ရှိထားတဲ့ My happy marriage live action ကအဆိုတော်သရုပ်ဆောင် Meguro Renလည်း ပါဝင်သရုပ်ဆောင်ထားပါတယ်။ဒါက‌တော့ ဇာတ်လမ်းအကျဉ်းလေးပေါ့နော်။Tsuyoshi Osanai ဟာ ဇနီးဖြစ်တဲ့ Kozue Osanaiရယ်သူ့ရဲ့သမီးဖြစ်သူ Ruri Osanai ရယ်နဲ့ မိသားစုသုံးယောက် ဘဝကိုပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းနေခဲ့တာပါ။ဒါပေမဲ့ ရုတ်တရက် ဇနီးနဲ့သမီးဟာ မတော်တဆမှုနဲ့ သေဆုံးသွားခဲ့ကြပြီး သူ့ရဲ့ဘဝဟာလည်းပျော်ရွှင်မှုတွေပျောက်ဆုံးသွားခဲ့ရပါတော့တယ်။အဲ့လိုနဲ့ တစ်ရက်မှာတော့ Tsuyoshi ဆီကို Misumi Akihiko ဆိုတဲ့ဓာတ်ပုံဆရာတစ်ယောက်ရောက်ရှိလာခဲ့ပါတယ်။Tsuyoshi ရဲ့ ဇနီးနဲ့သမီးဖြစ်သူ မတော်တဆဖြစ်ခဲ့တဲ့နေ့မှာ သူနဲ့တစ်ခါမှတွေ့ဆုံသိကျွမ်းဖူးခြင်းမရှိတဲ့ Ruriဟာသူနဲ့တွေ့ဖို့လာနေရင်းမတော်တဆဖြစ်ခဲ့တယ်ဆိုတာကို Misumi ကပြောပြခဲ့ပါတယ်။အဲ့ဒီအပြင် သူ့ရဲ့သေဆုံးသွားတဲ့ချစ်သူ Ruri Masaki ရဲ့အကြောင်းကိုပါပြောခဲ့ပြီးRuri Osanai ဟာ သူ့ရဲ့ချစ်သူဝင်စားတာဖြစ်နိုင်ကြောင်းပြောပြခဲ့ပေမဲ့ Tsuyoshi ကတော့လက်မခံနိုင်ခဲ့ပါဘူး။နောက်ဆုံးမှာ Tsuyoshi က သူ့သမီးဟာ လူဝင်စားတယ်ဆိုတာကိုယုံကြည်လက်ခံသွားနိုင်မှာလား။ချစ်ရသူကိုတွေ့ချင်လို့ လူပြန်ဝင်စားခဲ့တဲ့ Ruriကရော Misumi ကိုတွေ့နိုင်သွားမှာလား ဆိုတာကိုတော့ပရိသတ်ကြီးကပဲ ဆက်ပြီးတော့ကြည့်ရှုကြည့်လိုက်ကြပါနော်။