Northspur HD

Northspur

Action Drama Thriller HD 2021-07-27 7 100 Min

2022 တုန်းကထွက်ရှိခဲ့တဲ့ Northspur ဆိုတဲ့ အက်ရှင်ဒရာမာဇာတ်ကားလေးကိုတင်ဆက်ပေးလိုက်ပါတယ်။ဒီကားထဲမှာတွေ့ရမယ့် ကမ္ဘာကြီးမှာရောဂါပိုးမွှားတွေနဲ့ ပြည့်နှက်နေပြီးကမ္ဘာ့လူဦးရေကလည်း အနည်းငယ်သာကျန်ပါတော့တယ်။ကျန်ခဲ့တဲ့လူတွေကလည်း သင့်သင့်မြတ်မြတ်နေရမဲ့အစား အသက်ရှင်သန်နိုင်ဖို့အတွက်အချင်းချင်းသတ်ဖြတ်ပြီး ကြမ်းတမ်းတဲ့ကမ္ဘာကြီးတစ်ခုဖြစ်နေပါတော့တယ်။ဒီလိုရောဂါပိုးတွေနဲ့ ပြည့်နှက်နေတဲ့ ကမ္ဘာကြီးထဲမှာအသက်ရှင်သန်နိုင်ဖို့အရေးအကြီးဆုံးအရာကတော့ အစားအသောက်မဟုတ်ဘဲ ဆေးဝါးဖြစ်နေပါတယ်။အဲ့ဒီကာလမှာ ခန္ဓာကိုယ်မှာဒဏ်ရာတစ်ခုခုဖြစ်တာနဲ့ ပိုးဝင်ပြီးသေဆုံးမဲ့သေလူလို့သတ်မှတ်လိုက်လို့ရပါပြီ။အဲ့ဒါကို ကယ်တင်နိုင်မဲ့တစ်ခုတည်းသော နည်းလမ်းကတော့ ပိုးသတ်ဆေးတွေထိုးဖို့ပဲဖြစ်ပါတယ်။ကယ်လန်နဲ့ မလင်ဒါတို့ကလည်းဒီလိုကမ္ဘာကြီးထဲမှာနေထိုင်နေကြတဲ့လူတွေထဲမှာအပါအဝင်ဖြစ်ပြီး ကံဆိုးစွာနဲ့ပဲ တစ်နေ့မှာ မလင်ဒါဒဏ်ရာရခဲ့ပြီးသေလုမြောပါးဖြစ်နေပါတော့တယ်။ဒီလိုနဲ့ ကယ်လန်ကသူ့မိန်းမရဲ့အသက်ကိုကယ်တင်ပေးနိုင်ဖို့အတွက် ဆေးရှာပုံတော်ထွက်ခဲ့ပါတော့တယ်။အိမ်မှာ ကျန်ခဲ့တဲ့မလင်ဒါလည်း ဒဏ်ရာတစ်ဖက်နဲ့ သူတို့အိမ်ထဲ ကျူးကျော်လာရတဲ့ ရန်သူတွေကိုရင်ဆိုင်ရတဲ့အပြင်ကယ်လန်ကလည်း သူ့မိန်းမကိုကယ်ဖို့အတွက် ဆေးတွေကိုရဖို့နည်းလမ်းတွေ့ခဲ့ပေမဲ့ အရမ်းခက်ခဲနေတဲ့အခါမှာတော့ ကယ်လန်တစ်ယောက်သူ့မိန်းမကို အချိန်မီကယ်တင်နိုင်ပါ့မလားလင်မယားနှစ်ယောက်ဘယ်လိုအခက်အခဲတွေကိုရင်ဆိုင်ကျော်ဖြတ်ရမလဲဆိုတာကို ကြည့်ရမဲ့ဇာတ်ကားလေးပဲဖြစ်ပါတယ်။