အရ်ဂျွန်က စိတ်မြန်ပြီး တဇွတ်ထိုးလုပ်တတ်တဲ့ သွေးဆူဆူ လူငယ်တစ်ယောက်။သူကဖဲချပ်တွေကစားရတာအလွန်ဝါသနာပါပါတယ်။ ဖဲချပ်တွေကိုပွတ်တဲ့နေရာမှာတော့ ပါရမီပါတယ် ပြောရမလားပဲသူ့အတွက်လက်ဖျားငွေသီးလာသလိုပဲ….အဲ့ဒီငွေကနေအဆင့်တက်ပြီး ခရက်ကစ်ပွဲတွေမှာအလောင်းအစားဝင်လုပ်ပါတယ်။ဒီလိုနဲ့ ဒုစရိုက်လောကထဲကို တဖြည်းဖြည်းသူရောက်သွားတယ်…နောက်ပိုင်းငွေအလွယ်ရလာတဲ့အပြင် ငွေရှိသူတွေရဲ့ အာဏာနဲ့ အမှန်တရားဆိုတာဟာ ငွေနဲ့အင်အားကြီးသူတို့အတွက် သာရှိတယ်လို့ သူမြင်လာတဲ့နောက်မှာတော့သူဟာ ဒီလောကရဲ့အရှင်သခင်ဖြစ်ဖို့ကြိုးစားပါတော့တယ်….ကိုင်းဘာတွေဆက်ဖြစ်လာမလဲဆိုတာကိုတော့ခံစားကြည့်လိုက်ဦးဗျို့…ဂန်းစတားကား ခပ်မိုက်မိုက်ကြည့်ချင်သူတွေအတွက်လက်မလွှတ်သင့်ပါကြောင်း…။