[ဇာတ်လမ်းအကျဉ်း]ကိုလံဘီယာက အမှီအခိုကင်းပြီး စိတ်ဓာတ်ပြင်းတဲ့ ၁၇ နှစ်အရွယ်မာရီယာဟာ ထိုက်သင့်သလောက် လခမရတဲ့ပန်းထုပ်ပိုးတဲ့အလုပ်မှာ လုပ်နေတဲ့ ကောင်မလေးတစ်ယောက်ဖြစ်တယ်။သူ့ရဲ့ဘဝက အသုံးမကျတဲ့ရည်းစား ဝမ်ကြောင့် စိတ်ပျက်စရာကောင်းသလိုမျှော်လင့်မထားဘဲ ကိုယ်ဝန်ရသွားပြီး အလုပ်ရှင်နဲ့ဆက်ဆံရေးအဆင်မပြေလို့အလုပ်ထွက်လိုက်ပြီးတဲ့နောက်မှာ ပိုဆိုးလာတော့တယ်။အစ်မနဲ့အမေဖြစ်သူရဲ့ ဖိအားကြောင့်ရော ငွေကြေးအခက်အခဲရောကြောင့်မာရီယာဟာ မူးယစ်ဆေးတို့လိုမျိုးတရားမဝင်ပစ္စည်းတွေပို့ဆောင်ပေးတဲ့ကောင်မလေးတစ်ယောက်ဖြစ်လာခဲ့တယ်။ဒါပေမဲ့ အမေရိကားကိုသွားရတဲ့ သူ့ရဲ့ပထမဆုံးပို့ဆောင်မှုမှာတင်အခြေအနေက ထင်သလိုဖြစ်မလာခဲ့ဘဲအဆိုးဘက်ကိုပဲဆက်သွားနေတဲ့အခါ နောက်ဆုံးမှာ မာရီယာနဲ့ သူ့ကလေးဟာဘေးကင်းတဲ့အနာဂတ်တစ်ခု ရလာနိုင်မလားဆိုတာကိုတော့…