Jo Pil-ho: The Dawning Rage FHD

Jo Pil-ho: The Dawning Rage

Action Crime Drama Thriller FHD 2019-03-20 6 127 Min

ပီးဟိုဆိုတဲ့ရဲတစ်ယောက်ဟာ ရဲဝန်ထမ်းတွေကြားမှာ သတိထားစရာအတော်ကောင်းလာတယ်..၀န်ထမ်းကောင်းရဲကောင်းတစ်ယောက်အနေနဲ့တော့မဟုတ်ဘူး….လူမိုက်တွေနဲ့ပေါင်းတယ်…ငွေရဖို့ကို လုပ်ပိုင်ခွင့်တွေထဲကနေ ဥပဒေမဲ့ လုပ်တယ်….ဖောက်ထွင်းသူတွေနဲ့လည်း လစ်ရင်လစ်သလို မျိုးမျိုးမျက်မျက်အကွက်တွေဆင်လေ့ရှိတယ်…သူ့ပုံစံကြည့်ရတာ ဒီအကွက်တွေရွှေ့ရတာ အတော်ကိုကျွမ်းကျင်နေတဲ့ပုံပင်…ဘယ်လိုပင်အကွက်ရွှေ့ကျွမ်းကျွမ်း အဂတိတိုက်ဖျက်ရေးအဖွဲ့က သူ့နောက်ကို သိသိသာသာပင်လိုက်နေကြတယ်….ဒါကို သိတဲ့ ပီးဟိုဟာ နောက်ဆုံးအနေနဲ့ အချီကြီးပွပေါက်ရအောင်ကြံပြီးသူ့နောက်လိုက်တဲ့သူတွေကိုမျက်ခြေဖြတ်ဖို့ကြိုးစားတယ်…သို့ပေမယ့် သူထင်ထားသလိုမဖြစ်လာတဲ့အပြင် အဆိုးတကာ့အဆိုးဆုံးသော အန္တရယ်တောထဲကိုရောက်လို့သွားပါတော့တယ်…ကိုင်း ဘာတွေဆက်ဖြစ်မလဲဆိုတာကိုတော့ ခံစားကြည့်ရှုလိုက်ပါ…ဒီကားက  မင်းသား Sun-kyun Lee အဓိက ပါဝင်သရုပ်ဆောင်ထားပြီး သူဟာ ဒီလိုဇာတ်ရုပ်တွေမှာလည်းအတော်ပိုင်ပါတယ်..A Hard Day (2014) ထဲမှာလည်း ဒီပုံစံမျိုးသရုပ်ဆောင်ထားတယ်..ဒီကားနဲ့တော့ ဇာတ်လမ်းက အတော်ကွဲပါတယ်…တစ်ခုတော့ ကြိုပြောထားမယ်… ဗီလိန်နေရာက အဓိကထားရိုက်တဲ့အပြင် အန္တရယ်ဇုံထဲမှာမလှုပ်သာ မလူးသာ ဖြစ်နေတဲ့နေရာကို ကြည့်ရှုသူ ကိုင်တိုင်ရောက်ရှိနေပြီးတကားလုံးစိတ်လှုပ်ရှားနေရလို့ ရင်မောနေရပါလိမ့်မယ်… အက်ရှင်မှုခင်းကားကြိုက်သူတို့အဖို့ခံစားကြည့်လိုက်ဦးဗျို့…