အလုပ်အရမ်းကြိုးစားပြီး အလုပ်ကလွဲရင်ဘာအတွက်မှ အချိန်မရှိတဲ့Amy Bell က ခရစ္စမတ်မတိုင်ခင်မှာပဲ ကုမ္ပဏီကနေ အလုပ်ပြုတ်သွားခဲ့တယ်။ အဲဒီမှာ သူနဲ့ဆန့်ကျင်ဘက် စွန့်စားရေးသမား သူ့အစ်ကိုPhilကAmy ကို ခရစ္စမတ်ရက်အထိ Amy ပြောပြောနေကျ နိုးဆိုတဲ့စကားလုံးအစား အရာအားလုံးကို ရက်စ်လို့ပြောဖို့ စိန်ခေါ်မှု စခဲ့တာပါပဲ။ပြိုင်ဆိုင်ချင်စိတ်ပြင်းတဲ့ Amy လည်း အဲဒီစိန်ခေါ်မှုကိုလက်ခံခဲ့တာပေါ့။နောက်တော့ Amy သူ့ရဲ့ ရက်စ်စိန်ခေါ်မှုကြောင့်ပဲ မကြည့်ချင်တဲ့ လက်တန်းဟာသရှိုးပွဲကို သွားကြည့်ရရင်း ရှိုးပွဲကကောင်လေး Nico နဲ့ တွေ့ခဲ့တယ်။Amy နဲ့ Nico တို့နှစ်ယောက် စစချင်းမှာတော့ မတူညီတဲ့စရိုက်တွေကြောင့်အချင်းချင်းအမြင်ကတ်ခဲ့ကြပေမဲ့ နောက်ပိုင်း ရက်စ်ခရစ္စမတ်အတွင်း ဘယ်လိုအပြောင်းအလဲတွေဖြစ်လာမလဲဆိုတာကို ဒီဇာတ်လမ်းမှာ ဆက်လက်ကြည့်ရှုနိုင်ပါတယ်။