ဒီဇာတ်ကားလေးကတော့ အိမ်ထောင်ပြုရတာကို အယုံံအကြည်မရှိတဲ့ စားဘဲကြီးတစ်ယောက်ရဲ့အကြောင်းပေါ့ဗျာ။ကောလိပ်စတက်ကတည်းက မိန်းမလှလှလေးမြင်ရင် မနေနိုင်တဲ့ သူကြီးပေါ့။အချစ်ကို အယုံအကြည်မရှိတဲ့သူဟာ မိန်းမတွေကို မူစကူဒူးဖို့လောက်သာ သိတဲ့သူပါ။တစ်နေ့တော့ ပါတီမှာ ကောင်မလေးတစ်ယောက်ကို မူစကူဒူးဖို့ကြိုးစားရင်းကနေဝိုင်းရိုက်ခံရပါတော့တယ်။ နောင်တတွေရပြီး နောက်နောင်မူစကူဒူးဖို့မစဥ်စားတော့ဘူးလို့ ဆုံးဖြတ်လိုက်ပေမယ့် ဆန္ဒကို သိက္ခာနဲ့ မထိန်းနိုင်ခဲ့ပါဘူး။ကဲ ဆက်လက်ပြီး ဒီလူကြီးရဲ့ဘဝမှာ ဘာတွေဆက်ဖြစ်လာဦးမလဲဆိုတာကိုဟာသနှောပြီး ကြည့်ရဦးမှာပဲဖြစ်ပါတယ်။