Heatwave HD

Heatwave

Thriller HD 2022-01-17 6.599 100 Min

ကလဲရ်ဆိုတဲ့ကောင်မလေးဟာ ငယ်စဉ်က အိမ်ရှင်ရဲ့ပေါ့ဆမှုကြောင့်တစ်မိသားစုလုံးမီးလောင်သေဆုံးခဲ့တဲ့အဖြစ်ကိုအခုချိန်ထိမမေ့နိုင်သေးတဲ့သူပါ။ လက်ရှိအချိန်မှာတော့ ဆောက်လုပ်ရေးလုပ်ငန်းရှင်စကော့ရဲ့ လက်အောက်မှာလက်ထောက်အဖြစ်အလုပ်လုပ်နေပြီးရည်မှန်းချက်လည်းကြီးကြီးမားမားရှိထားပါတယ်။သူတို့နေထိုင်ရာမြို့ကိုအပူလှိုင်းရိုက်ခတ်နေပြီးမခံနိုင်လောက်အောင်ဖြစ်လာတဲ့အခါမှာ သူငယ်ချင်းဖြစ်သူအလုပ်လုပ်နေတဲ့ ကွန်ဒိုတစ်ခုက ရေကူးကန်မှာခိုးပြီးသွားအပန်းဖြေလေ့ရှိပါတယ်။ တစ်နေ့တော့ အဲ့ဒီရေကူးကန်ဘေးမှာ အိဗ်ဆိုတဲ့မိန်းမလှလေးတစ်ယောက်နဲ့ဆုံတွေ့ရာကနေချစ်ဇာတ်လမ်းစခဲ့ကြပါတယ်။သူ့အလုပ်ရှင် စကော့က အိမ်ကိုညစာဖိတ်ကျွေးတဲ့ညတစ်ညမှာတော့သူ့ချစ်သူအိဗ်နဲ့အလုပ်ရှင်ရဲ့ဇနီးဂျနဗီးတို့ဟာ တစ်ဦးတည်းဖြစ်တယ်ဆိုတာသိသွားတဲ့နောက် သူ့ဘက်က အိဗ်ကို အဆက်ဖြတ်ဖို့ကြိုးစားပေမယ့်မအောင်မြင်ခဲ့ပါဘူး။ အဲ့ဒီလိုရှုပ်ထွေးနေတဲ့အခြေအနေတွေကြားမှာမှစကော့တစ်ယောက် ရုံးကနေဒေါသူပုန်ထအိမ်ပြန်သွားတဲ့နေ့ကစပြီးပျောက်ကွယ်နေတဲ့အတွက် စုံစမ်းစစ်ဆေးမှုတွေရှိလာပြီး အခြေအနေတွေက သူ့ကိုပဲ တရားခံအဖြစ်ညွှန်ပြနေတဲ့အခါမှာတော့ ကလဲရ်တစ်ယောက်သူ့မှာအပြစ်မရှိဘူးဆိုတာသက်သေပြနိုင်ဖို့ ပြေးရင်းလွှားရင်းစုံစမ်းရပါတော့တယ်။ Thriller ကြိုက်ပရိသတ်တွေအတွက် ဇာတ်ကားကောင်းတစ်ကားပါ။ plot hole တစ်ချို့ရှိနေပေမယ့် သရုပ်ဆောင်တွေရဲ့သေသပ်မှုနဲ့တင်ဆက်ပုံတို့ကြောင့် လှည့်ကွက်တွေနဲ့အဆုံးထိဆွဲခေါ်သွားမယ့် ဇာတ်ကားပါပဲ။