Netflixကနေ ပူပူနွေးနွေးထုတ်လွှင့်ခဲ့တဲ့ အိန္ဒိယတောင်ပိုင်းဇာတ်လမ်းလေးကိုတင်ဆက်ပေးပါရစေ။မင်းသားကတော့ ပထမဆုံးရုံတင်ကားမှာတင် အကောင်းဆုံးမျက်နှာသစ်ဇာတ်ဆောင်ဆုကိုရရှိခဲ့တဲ့တောင်ပိုင်းလူငယ်မင်းသားချော ဗတ်ရှနေ့ဗ်တက်ဂျ်ပါ။ကုမ္ပဏီရဲ့ စီအီးအိုမလေးနေရာကသရုပ်ဆောင်တာကတော့မင်းသမီးချောလေး ဆရီလီလာပဲဖြစ်ပါတယ်။ဘာလူဆိုတဲ့ကောင်လေးက ဘ၀ကို ပေါ့ပေါ့ပါးပါးဖြတ်သန်းနေတဲ့ လူငယ်လေးတစ်ယောက်ပေါ့။ဘယ်လောက်ထိပေါ့ပါးလည်းဆို ဘာအလုပ်မှမလုပ်လို့ အဖေဖြစ်သူက အလုပ်မလုပ်ရင်အိမ်ပေါ်ကဆင်းဆိုတဲ့ထိအောင်ကို ပေါ့ပေါ့ပါးပါးနေတဲ့ကောင်လေး။အမေချစ်သားလေးဆိုတော့ အမေဖြစ်သူ တစ်ချက်စိတ်ငြိုငြင်တာကို မြင်လိုက်ရင်ပဲအလုပ်သွားလျောက်ပါတော့တယ်။တော်ကီကြွယ်တဲ့ လူငယ်လေးဖြစ်တာကြောင့် အင်တာဗျူးတဲ့နေ့မှာပဲစီအီးအိုမမက ပြောပုံဆိုပုံကို သဘောကျသွားပြီး မာကတ်တင်းဌာနမှူးခန့်လိုက်ပါတော့တယ်။ဘ၀ကိုဒီလို ပေါ့ပေါ့ပါးပါးနဲ့ ဖြတ်သန်းနေချိန်မှာပဲ သိလိုက်ရတဲ့အမှန်တရားကသူကမွေးစားသားဆိုတာပါပဲ။အဖေအရင်းဖြစ်သူက နိုင်ငံရေးသမားတစ်ယောက်ရဲ့ရက်ရက်စက်စက်အသတ်ခံလိုက်ရတယ်ဆိုတာနဲ့သူ့မိသားစုဝင်တွေရှိသေးတယ်ဆိုတဲ့အကြောင်းကို သိလိုက်ရတဲ့အချိန်မှာတော့။အချစ်၊အလွမ်း၊အက်ရှင်အကြမ်းပတမ်းတွေကို တ၀ကြီးကြည့်ရမယ့် ရုပ်ရှင်ကားတစ်ကားပဲဖြစ်ပါတယ်။