ဆုန်းဝူချောဆိုတဲ့ သူဟာ လက်ဝှေ့မှာအတော်ကြမ်းတဲ့ဖိုက်တာတစ်ဦးဖြစ်ပါတယ်… သူက လူမိုက်အမိုက်အပေါင်းအသင်းတွေလည်းရှိသလိုမြေအောက် တရားမဝင်လက်ဝှေ့လောကမှာလည်း ရံဖန်ရံခါအချီကြီးထိုးလေ့ရှိတယ်…တစ်နေ့တော့ တခြားဖိုက်တာတစ်ယောက်နဲ့ အချီကြီးထိုးဖို့ဖြစ်လာတယ်..အတွေ့အကြုံလည်းများသလို ထိုးသတ်ရာမှာ ဆရာကြီးဖြစ်တဲ့သူ့အတွက် သိပ်မခက်တဲ့ပွဲဆိုပေမဲ့ တစ်ဖက်ပြိုင်ဘက်ကပွဲအပြီးသေဆုံးသွားပါတယ်…..ဒါ့ကြောင့် သူဟာ ထောင်ကျသွားခဲ့တယ်…နောင်တတွေ ရနေတဲ့သူဟာ ထောင်က ၈ နှစ်အကြာမှာလွတ်လာပြီးအေးဆေးလေးနေမယ်လို့ကြိုးစားခါမှသူ့ရဲ့ လူမိုက်ဘော်ဒါဟောင်းတွေဟာ မဟာအရှုတ်တော်ပုံကြီးထဲကိုဆွဲသွင်းလာတဲ့အခါမှာတော့…သတ်ဖြတ်ခန်းတွေနဲ့ အဖော်အချွတ်ကြမ်းကြမ်းတွေပါလို့မိသားစုနဲ့အတူမကြည့်သင့်ပါဘူး…