ဒီဇာတ်ကားဟာ ၂၀၂၃ခုနှစ်ထွက် Adventureဇာတ်လမ်းဖြစ်ပြီးAmazon prime က ဖြန့်ချိထားတာပါ။ စိတ်ကူးယဉ် စွန့်စားခန်းဇာတ်လမ်းမျိုးဖြစ်ပြီး IMDb 5.4 ရရှိထားပါတယ်။ အမေဖြစ်သူနောက်အိမ်ထောင်ပြုမှာမို့ လန်ဒန်ကို ပြောင်းရွှေ့လာတဲ့ လစ်ဗ်နဲ့မီယာ ညီအစ်မနှစ်ယောက်မှာ လစ်ဗ်က ကိုယ့်ရဲ့အိပ်မက်တွေကိုထိန်းချုပ်နိုင်တဲ့ lucid dreamer ဖြစ်ပါတယ်။ ဒီလိုနဲ့ တစ်ညမှာလစ်ဗ်တစ်ယောက် အိပ်မက်ထဲမှာ သူ့ပထွေးဘက်က သားဖြစ်တဲ့ဂရေဆင်နဲ့သူငယ်ချင်းအဖွဲ့ကို တွေ့ခဲ့ပါတယ်။သူတို့အဖွဲ့က တခြားသူတွေရဲ့အိပ်မက်ထဲမှာ လျှောက်သွားနိုင်တဲ့Book of Dreamဆိုတဲ့ စာအုပ်ကို လက်ဝယ်ရထားတာပါ။ အဲဒီစာအုပ်ကြောင့် သူတို့တွေကအိပ်မက်ခရီးသွားနိုင်တဲ့ အစွမ်းတွေရထားတာပါ။ အဲဒီလိုနဲ့ပဲ သူတို့အဖွဲ့ထဲမှာ လစ်ဗ်လည်းပါသွားပြီးစာအုပ်ကို အသုံးချဖို့ ကြိုးစားရင်း မထင်ထားတဲ့ သက်ရောက်မှုတစ်ခုဖြစ်လာပါတယ်။ သူတို့ရဲ့အိပ်မက်တွေကို အပြင်လောကမှာအကောင်အထည်ဖော်ရင်း အပြန်အလှန်အနေနဲ့ သူတို့ရဲ့အဆိုးဆုံးအိပ်မက်တွေပါ လက်တွေ့ဖြစ်လာတာပါ။အဖွဲ့သားတွေထဲမှာ ကောင်းတဲ့အိပ်မက်ရော ဆိုးဝါးတဲ့အိပ်မက်ပါတကယ်ဖြစ်လာတဲ့နောက် အဲဒီစာအုပ်ရဲ့ကျိန်စာအစွမ်းကို ဖျက်ဖို့ကြိုးစားရပါတော့တယ်။ ဒါပေမဲ့ သူတို့လွယ်လွယ်ကူကူပဲ ကျိန်စာပျက်အောင် လုပ်နိုင်မလား၊ ဘယ်လိုမြုပ်ကွက် အတားအဆီးတွေရှိနေမလဲဆိုတာ ကြည့်ရှုရမယ့် Mystery,adventureရုပ်ရှင်ပါ။