The Eras Tour ဆိုတာ Taylor Swift ရဲ့ Album တွေ အားလုံးကို တစ်ခေတ်ချင်းစီ ပြန်ခံစားနိုင်ဖို့ နေရာကောင်းတစ်ခုဆို မမှားပါဘူး။Pandemic မှာ Album တွေ အများကြီးထုတ်ခဲ့တာကတစ်ကြောင်း တခြားသော အရှုပ်အရှင်းတွေကတစ်ကြောင်း Taylor ဟာ Tour တွေ လှည့်ဖို့ အကြောင်းမလှခဲ့လို့လည်း ကျွန်တော်တို့ ဒီလို ခံ့ညားလွန်းလှတဲ့ Iconic Tour ကြီးကို ရခဲ့တာဖြစ်ပါတယ်။ဒီတော့ ရှည်ရှည်ဝေးဝေးတွေ ပြောမနေတော့ဘဲ Taylor Swift ဆိုတာ ဘာလဲ။ The Eras Tour ဆိုတဲ့ စင်မြင့်ထက်ပေါ်မှာ ပရိသတ်နဲ့ အပေးအယူမျှမျှ သူဘယ်လိုတွေ တောက်ပသွားလဲဆိုတာကြည့်ရှုခံစားလိုက်ပါ။