Mr. Monk's Last Case: A Monk Movie FHD

Mr. Monk's Last Case: A Monk Movie

Comedy Crime Mystery FHD 2023-12-08 7.65 97 Min

Mr. Monk’s Last Case: A Monk Movie (2023) ထွက် ဇာတ်ကားလေးက၂၀၀၂ ကနေ ၂၀၀၉ ခုထိ ထွက်ခဲ့တဲ့ လူကြိုက်များနာမည်ကျော် Emmy ဆုတွေအများကြီး ရခဲ့တဲ့ Monk ဆိုတဲ့ ဟာသ ဒရမ်မာ မှုခင်းလိုက် Series လေးရဲ့နောက်ဆက်တွဲ ရုပ်ရှင်ဇာတ်ကားပဲ ဖြစ်ပါတယ်။အဆက်ဆိုပေမဲ့ ရှေ့ seriesမကြည့်ထားတဲ့သူတွေအတွက်လည်း အခုမှ စကြည့်လို့ ရတဲ့ ရုပ်ရှင်ကားကောင်းလေးတစ်ကားဖြစ်ပြီး ဝါရင့်နာမည်ကျော်သရုပ်ဆောင် Tony Shalhoub က အဓိကပါဝင်သရုပ်ဆောင်ထားပါတယ်။Mr.Monk ဆိုတာ လူသတ်မှုတွေအများကြီးကို ဖော်ထုတ်နိုင်ခဲ့တဲ့ ဝါရင့်စုံထောက်တစ်ယောက်ဖြစ်ခဲ့ပါတယ်။ သူ့ဆီမှာ တခြားသူနဲ့ မတူတာတွေကတော့ photogenicmemory လို့ခေါ်တဲ့ အရာရာကိုတစ်ကြိမ်မြင်ရုံနဲ့ မှတ်မိတဲ့ စွမ်းရည်နဲ့ သူ့ရဲ့ OCD လို့ခေါ်တဲ့ပတ်ဝန်းကျင်က အရာတွေကို သူ့စိတ်ထဲကပုံစံအတိုင်း စနစ်တကျ ဖြစ်ရမှ ကျေနပ်တဲ့စိတ်အခြေအနေတစ်မျိူးလေးတို့ပဲ ဖြစ်ပါတယ်။ ဒီဇာတ်ကားမှာအဓိက ပြသွားတဲ့အကြောင်းအရာကတော့ Mr. Monk ရဲ့ သမီးအရင်းလို့ ချစ်တဲ့ Molly တစ်ယောက်သူ့ခင်ပွန်းလောင်နဲ့ လက်ထပ်ပွဲ မကျင်းပခင် တစ်ရက်အလိုမှာသူ့ရဲ့ခင်ပွန်းလောင်းဟာမသင်္ကာစရာဖြစ်ရပ်တစ်ခုကြောင့် ဆုံးပါးသွားခဲ့ပါတယ်။ Molly စိတ်သက်သာရာရအောင်Mr. Monk တစ်ယောက် ဆုံးပါးသွားတဲ့ သူ့ခင်ပွန်းလောင်းရဲ့ သေမှုသေခင်းကိုလေ့လာတဲ့အခါမှာတော့ ကမ္ဘာပေါ်က အချမ်းသာဆုံးပုဂ္ဂိုလ်နဲ့ မသင်္ကာစရာ ပတ်သက်မှုတွေ ရှိနေတဲ့အခါမှာတော့ Mr. Monk တစ်ယောက် အမှုပုစ္ဆာတွေကို ဘယ်လို ဖြေရှင်းနိုင်မလဲသူ့ရဲ့စိတ်အခြေအနေကလည်း ပုံမှန်ထက် ပိုပြီးယိုင်လဲနေတဲ့ အချိန်မှာ သူကျော်ဖြတ်နိုင်ပါ့မလားစတာတွေကို ဇာတ်ရှိန်မကျပဲ တဝကြီးကြည့်ရမဲ့ ဟာသ ဒရမ်မာစုံထောက်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်လို့ လက်တို့လိုက်ပါရစေခင်ဗျ….