Adrishya Jalakangal FHD

Adrishya Jalakangal

Drama Thriller FHD 2023-11-24 8 127 Min

Netflixကနေ ထုတ်လွှင့်ခဲ့တဲ့ ဇာတ်လမ်းဇာတ်အိမ်ကောင်းကောင်းနဲ့ အကောင်းဆုံးရိုက်ကူးထားတဲ့မလေယာလမ်ကားကောင်းလေးတစ်ကား တင်ဆက်ပေးပါရစေ။ဒီကားရဲ့ အဓိကဇာတ်လိုက်ဖြစ်သူ မင်းသားသောမတ်စ်က ကျွန်တော်ဒီကားရဲ့ ဇာတ်ညွှန်းကိုဖတ်တုန်းကငိုတောင်ငိုမိတယ်လို့ အင်တာဗျူးတစ်ခုမှာ ဖြေသွားပါသေးတယ်။ဇာတ်ညွှန်းမှာတင် သရုပ်ဆောင်တစ်ယောက် ငိုရလောက်တဲ့ထိ ဒီရုပ်ရှင်က ဘာတွေများထူးခြားလို့လဲ။လောကကြီးမှာ ကျွန်မတို့လူသားတွေအနေနဲ့ မတတ်နိုင်တဲ့အရာတွေရှိပါတယ် ကျွန်မတို့မမြင်နိုင်တဲ့ဖြစ်တည်မှုတွေမမြင်နိုင်တဲ့ကမ္ဘာလောကပေါ့ ဒါပေမဲ့ဒီလောကရဲ့ပြတင်းပေါက်လေးကို သွားဖွင့်လိုက်မိရင် ဘာတွေဖြစ်လာနိုင်မလဲ ။စစ်ကြီးဖြစ်ခါနီး ရဲတွေက အိမ်ခြေရာမဲ့တွေကိုဖမ်းပြီး အရူးထောင်ပို့သတဲ့နေရာမလောက်တော့ အရင်ရောက်နေတဲ့လူတွေကိုကျန်းမာရေးစစ်ဆေးချက်ပေးပြီး ကောင်းတယ်ဆိုပြန်လွှတ်တယ်ပေါ့ ဒီမှာမင်းသားကြီး Tovino Thomas က အရူးထောင်ထဲကန့်လန့်ပါသွားတဲ့တစ်ယောက်ပါ သူ့ကိုယ်သူလူကောင်းပြောလည်း အရူးတွေကဒီလိုပဲပြောကြတာဆိုပြီး ၆လလောက် စိတ္တဇဆေးရုံထဲနေခဲ့ရသူ ဆေးရုံခါတော့ သူ့ကိုအကောင်းဆိုပြီးပြန်လွှတ်လိုက်လေရဲ့သူလည်းအလုပ်လုပ်မယ်ဆိုပြီး ရင်ခွဲရုံမှာအလုပ်ဝင်မိခါမှ သဘာဝလွန်ဖြစ်ရပ်တွေဖြစ်လာပါတော့တယ် ဒါကဘာများဖြစ်မလဲ ဒီသဘာဝလွန်ဖြစ်ရပ်တွေအကူအညီနဲ့သူဘာတွေလုပ်သွားမလဲဆိုတာကိုတော့….