စပိန်စကားပြော Netflixရုပ်ရှင်ကားကောင်းလေးတစ်ကားပါ။Crime ရုပ်ရှင်တွေမှာ စပိန်ရုပ်ရှင်တွေဟာ ရိုက်တာအကွက်စေ့လွန်းပြီး ဆရာကျလွန်းတယ်လို့ ထင်မိတယ်။ Money heist စီးရီးကသက်သေပါပဲ။ အခုရုပ်ရှင်မှာလည်း money heist ထဲက ပရောဖက်ဆာလို ဉာဏ်အရမ်းကောင်းတဲ့ ဟွမ်ပါဘလိုဆိုတဲ့ကောင်လေးရှိပါတယ်။သူက ပရောဖက်ဆာ PhD ဘွဲ့ယူရင်း စာတမ်းပြုစုဖို့ ဘာစီလိုနာကိုကျောင်းလာတက်တဲ့သူပါ။ သူ့မိသားစုတွေကတော့ သူ့လိုရိုးရှင်းတဲ့သူတွေမဟုတ်ဘူး။ သူ့အစ်ကို၀မ်းကွဲဖြစ်သူက မူးယစ်ဂိုဏ်းတစ်ဂိုဏ်းနဲ့ သွားငြိပြီး ဟွမ်ပါဘလိုကို စပိန်အမတ်ရဲ့ သမီးနဲ့ ဇာတ်လမ်းဖြစ်အောင်လုပ်ခိုင်းပြီး မလုပ်ရင် သူ့အစ်ကိုကိုသတ်ပစ်မယ်လို့ ခြိမ်းခြောက်တယ်။ဟိုတယ် စာမှစာပဲလုပ်တဲ့ လူရိုးလေးဆိုပေမယ့် ခေသူတော့မဟုတ်ပါဘူး။ ဒီအခြေအနေမှာ သူ့မိသားစုနဲ့အစ်ကိုကို ဘယ်လိုကယ်တင်ပြီးဒုစရိုက်သမားတွေနဲ့အကွက်စေ့စေ့ ရင်ဆိုင်သွားမလဲဆိုတာကို ကြည့်ရှုရမှာဖြစ်ပါတယ်။