Agora HD

Agora

Drama History Adventure HD 2009-05-17 7 127 Min

ဒီဇာတ်ကားလေးကတော့ ရိုမန်အင်ပါယာလက်အောက်ခံ အလက်ဇန်းဒရီးယားမြို့တော်မှာ မူလအစ ဂရိနတ်ဘုရားတွေကိုကိုးကွယ်နေကြရာမှ ခရစ်ယာန်ဘာသာကို ယုံကြည်သက်ဝင်သူများတိုးပွားလာတဲ့အခါ ဘာသာရေးပဋိပက္ခများ အဓိကရုဏ်းများ ဘာသာရေးအယူမတူညီမှုကြောင့် သတ်ဖြတ်ကြမှုများ ဖြစ်ပွားလာခဲ့ကာ ခရစ်ယာန်ဘာသာဝင်တွေက အရေးသာသွားပြီးနတ်ဘုရားကိုးကွယ်ခြင်းမှ ခရစ်ယာန်ဘာသာသို့ ကူးပြောင်းလာတဲ့အရွေ့ကြီးဖြစ်လာခဲ့ပါတယ်။စကြာဝဠာကြီးရဲ့ ထူးခြားဆန်းကျယ်လှတဲ့လျိူ့ဝှက်ချက်တွေကို သိပ္ပံနည်းကျဖော်ထုတ်စူးစမ်းချင်ပြီး ဘာသာရေးကို ထည့်မတွေးတတ်တဲ့ ဟိုက်ပါးရှားဆိုတဲ့အတွေးအခေါ်ပညာရှင်၊ ဟိုက်ပါးရှားရဲ့တပည့်ဘဝမှမြို့စားဖြစ်လာခဲ့ပြီး သူမကို လူသိရှင်ကြားသဘောကျတဲ့ နတ်ဘုရားကိုးကွယ်သူ ဂရိမြို့စားအိုရက်စ်တီးစ်၊ ဟိုက်ပါးရှားကို ငယ်စဉ်ကတည်းက တိတ်တခိုးချစ်မြတ်နိုးခဲ့ပြီး သူမရဲ့ငယ်ကျွန်ဘဝမှခရစ်ယာန်သာသနာလက်မရွံ့ဖြစ်လာခဲ့တဲ့ ဒေးဗပ်စ် အဆိုပါ ယုံကြည်သက်ဝင်မှုမတူညီတဲ့ ဇာတ်ကောင်သုံးယောက်နှင့် ဘာသာရေး လူမျိုးရေး နိုင်ငံရေး သိပ္ပံပညာ အတွေးအခေါ်ပညာ ကျွန်စနစ် စတာတွေကိုထောင့်စေ့အောင် သရုပ်ဖော် ဖန်တီးရိုက်ကူးထားတဲ့ လုံးဝကို ကြည့်ရှုသင့်တဲ့ဇာတ်ကားကောင်းတစ်ကောင်းပါပဲ။IMDb rating 7.1/10 တောင်ရရှိထားပြီး ဘာသာရေးဆိုင်ရာ ဗဟုသုတများစွာရတဲ့အပြင် ဇာတ်ကားအစမှအဆုံးထိ ပျင်းစရာမကောင်းဘဲ စိတ်ဝင်စားအောင်ဆွဲဆောင်သွား နိုင်တဲ့အတွက်ကြည့်ရှုသင့်တဲ့ရုပ်ရှင်ကောင်းတစ်ခုဆိုရင်လည်း မမှားပါဘူး။