ဟယ်လင်နာဟာ အဖေဖြစ်သူ မုဆိုး ဂျေကော့ နဲ့အတူ ကလေးဘဝထဲက မုဆိုးပညာတွေ သင်ပြီးတောထဲမှာပဲ မိသားစုသုံးယောက် နေလာခဲ့တာဖြစ်ပါတယ်။ ဒါပေမဲ့ တစ်နေ့မှာတော့ သူ့အမေကသူ့ကိုခေါ်ပြီးထွက်ပြေးလာတော့မှ သူ့အဖေဟာ သူ့အမေကို အတင်းဖမ်းဆီးပေါင်းသင်းထားတာသိလိုက်ရပါတော့တယ်။ သူတို့သားအမိနောက်ကိုလိုက်လာရင်း ဂျေကော့ အဖမ်းခံလိုက်ရပြီးထောင်နန်းစံသွားတဲ့အခါ ဟယ်လင်နာလည်း ဘဝသစ်စခဲ့ပြီး သမီးတစ်ယောက် ယောကျ်ားတစ်ယောက်နဲ့တည်ငြိမ်နေပါပြီ။ ဒါပေမဲ့ တစ်နေ့မှာ သူ့ရဲ့အဖေ ထောင်ထဲကနေထွက်ပြေးလွတ်မြောက်သွားကြောင်းကြားလိုက်ရတဲ့အခါ အတိတ်က အရိပ်တွေကို ရင်ဆိုင်ပြီးဖြေရှင်းဖို့ ကြိုးစားရပါတော့တယ်။