Grow Up, Tony Phillips HD

Grow Up, Tony Phillips

Comedy Drama HD 2013-03-12 4.7 90 Min

Grow Up Tony Phillips ဆိုတဲ့ Comedy, Drama ကားကောင်းလေးတင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းအနေနဲ့တော့ ဟောလိုဝင်းကို သဘောကျတဲ့ တိုနီက ၁၈ နှစ်သားအရွယ်ရောက်တာတောင်ဟောလိုဝင်း ဝတ်စုံဝတ် Trick or Treat ဆော့ပြီး ချိုချဉ်လိုက်တောင်းချင်နေတုန်းပေါ့။ အရပ်စကားနဲ့ဆို နည်းနည်း ကလေးစိတ်မကုန်သေးတာပေါ့ဗျာ။ ကျွန်တော်တို့တောင် နည်းနည်းအသက်လေးရလာရင် သီတင်းကျွတ်လို ရာသီမှာတောင် ရပ်ကွက်ထဲအိမ်စေ့ပတ်ပြီး လိုက်ကန်တော့ဖို့ရှက်စပြုလာပြီမလား။တိုနီကတော့ သူမြတ်နိုးရတဲ့ ပျော်ပွဲရွှင်ပွဲလေးကို အရွယ်ရောက်လာပေမဲ့ဆက်ဆင်နွှဲဖို့ကြိူးစားနေတုန်းပါ။ ဒီတော့ အပေါင်းအသင်းတွေက ငကြောင်ကောင် ဘာညာနဲ့လှောင်တာခံရတာပေါ့။ တိုနီတစ်ယောက် သူမြတ်နိုးရတဲ့ဟောလိုဝင်းကို စွန့်လွှတ်ပြီး တခြားသူတွေလို ကလပ်တက်ပါတီတက်ပဲလုပ်မှာလား၊ ဆက်လက်ဆုပ်ကိုင်ထားပြီး သူ့ရဲ့ယုံကြည်မှုနဲ့ပဲ တခြားသူတွေရဲ့အမြင်ကို ပြောင်းလဲပစ်လိုက်မလားဆိုတာရယ် တိုနီရဲ့ ဘဝလေးရယ်ကို ဆက်လက်ကြည့်ရှုခံစားလိုက်ကြပါဦး။