Indonesiaနိုင်ငံထုတ် Netflix ဇာတ်ကားလေးတစ်ကားနဲ့မိတ်ဆက်ပေးချင်ပါတယ်။ Graphic Designerမလေး DitaဟာiPadပျက်သွားလို့ သွားပြင်ရင်း Edနဲ့ဆုံကာ ချစ်သူတွေဖြစ်သွားကြပါတယ်။ဒီလိုနဲ့ ချစ်သူသက်တမ်း၄နှစ်မြောက်မှာပဲ Edဟာအက်ဆီးဒင့်ဖြစ်ကာ ဆုံးသွားပါတယ်။ကျန်ရစ်သူDitaဟာ သူငယ်ချင်းFanနဲ့ ချစ်သူဖြစ်သွားပေမဲ့ Edကိုသတိရနေဆဲပါ။ တစ်ရက်မှာ Edချန်ထားခဲ့တဲ့ မျက်မှန်တစ်လက်ဟာ တပ်လိုက်ရင်Edရဲ့ AIပုံရိပ်ကိုမြင်နိုင်ပါတယ်။ Edကိုမမေ့နိုင်သူ Ditအဖို့ ဒီမျက်မှန်နဲ့ ဘယ်လိုတွေဆက်ဖြစ်ကြမလဲ ကြည့်လိုက်ရအောင်…