ဇာတ်လမ်းအကျဥ်းလေးကတော့ ကမ္ဘာပျက်ကပ်ဖြစ်အပြီးမှာ အသက်ရှင်ကျန်ရစ်သူသားအမိနှစ်ယောက်က တောအုပ်ထဲမှာ နှစ်ကိုယ်တည်းဆက်လက်နေထိုင်ခဲ့တယ်။…ဒီတောအုပ်ရဲ့အပြင်ဘက်မှာဘာတွေရှိမလဲဆိုတာကိုတော့ အမေဖြစ်သူကလွဲပြီး သမီးဖြစ်သူဆောလ်က ဘာတစ်ခုမှမသိရပါဘူး။…တနေ့တောထဲကို အပြင်လောကကလူတစ်ယောက်ရောက်လာတဲ့အခါမှာတော့…လက်တွေ့ဖြစ်ရပ်မှန်နဲ့ ဆောလ်တစ်ဘဝလုံးယုံကြည်ထားသမျှတွေက ဘယ်လိုတွေကွဲလွဲနေလဲ၊ ဆောလ်အမေကရော ဆောလ်ကို ဘာအကြောင်းတွေကြောင့်တောထဲမှာထားထားတာလဲဆိုတဲ့ အဖြေတွေကို ဇာတ်လမ်းထဲမှာ ကြည့်ရှူရမှာပါ။