Dhoomam HD

Dhoomam

Drama Thriller HD 2023-06-23 5.5 143 Min

ဇာတ်လမ်းအကျဥ်းကတော့ အာဗီဆိုတဲ့ စီးကရက်ကုမ္ပဏီတစ်ခုက မားကတ်တင်းမန်နေဂျာနဲ့ သူ့ရဲ့ ဇနီးသည်ဖြစ်သူ ဒီယာ တို့က ညဖက် ကားမောင်းနေတုန်းမတော်တဆမှုတစ်ခု ကြုံရပါတယ်ဇာတ်လမ်းကို အတိတ်ဖြစ်ရပ် ကာလအပိုင်းအခြားနဲ့ လက်ရှိဖြစ်နေတဲ့ timeline ကို တစ်လှည့်စီ ရိုက်ကူးပြထားပါတယ်အတိတ်နဲ့ ပစ္စုပ္ပန်တို့ရဲ့ ဇာတ်ကြောင်းနှစ်ခုဟာ ဘယ်လိုမှ မသက်ဆိုင်အောင် ကွာခြားနေပြီး ဒါကပဲ ဒီဇာတ်ကားမှာပရိသတ်အနေနဲ့ ဘာဆက်ဖြစ်မလဲ ခန့်မှန်းချင်စိတ်ပေါ်လာအောင် ဆွဲဆောင်ထားနိုင်တဲ့ အချက်ပါအာဗီက လက်ရှိပစ္စုပ္ပန်မှာ အတိတ်မေ့နေပြီးတော့ သူလုပ်ခဲ့တဲ့အရာနဲ့လက်ရှိသူ့မိန်းမနဲ့ သူတို့နှစ်ယောက်ဖြစ်နေတဲ့ ပြဿနာကို ဆက်စပ်မရဖြစ်နေပါတယ်အတိတ်ဖြစ်ရပ်မှာတော့ သူ့မိန်းမဖြစ်သူနဲ့ စတွေ့ခဲ့တဲ့ ရိုမန့်ဆန်ဆန် ဇာတ်လမ်းနဲ့အတူ အလုပ်မရှိပဲမြို့တက်လာရာကနေ ဆစ်ဒူဆိုတဲ့ လူနဲ့ဆုံပြီး စီးကရက် ကုမ္ပဏီရဲ့ မားကတ်တင်း ရာထူးကြီးတစ်ခုမထင်မှတ်ပဲ ကမ်းလှမ်းခံရပုံကို ဖော်ပြထားပါတယ်ဇာတ်လမ်းအစမှာ အသေခံဗုံးခွဲသမားတစ်ယောက်ကို စစ်ကြောရေးတစ်ခုက မေးမြန်းနေပြီး အကြမ်းဖက်သမားကဆေးလိပ်သောက်ခွင့်တောင်းပါတယ်… ဒါပေမယ့် ဗုံးကို အကြမ်းဖက်သမားရဲ့ လည်ချောင်းမှာထည့်ထားတာ ဖြစ်ပြီးဆေးလိပ် သောက်တာနဲ့ ဗုံးပေါက်သွားအောင် လုပ်ထားတာပါဒီ ဗုံးကိစ္စနဲ့ရော ပင်မဇာတ်လမ်းနဲ့ ဘယ်လိုဆက်စပ်နေသလဲဆိုတာ ရင်ခုန်စိတ်လှုပ်ရှားစွာနဲ့ ကြည့်ရှုရမှာပါ