ဇာတ်လမ်းအကျဥ်းကတော့ တစ်ရက်မှာ ဘရန်ဒန်လို့ခေါ်တဲ့အထက်တန်းကျောင်းသားတစ်ယောက်ဆီကိုသူ့ရည်းစားဟောင်း အမ်မလီကဖုန်းဆက်လာခဲ့ပါတယ် ။ စူးစူးဝါးဝါးအော်ပြီး ဖုန်းချသွားတဲ့ အမ်မလီပြီးတော့ ဖုန်းထဲမှာ အမ်မလီပြောခဲ့တဲ့ “ပင်န် ၊ တက်ဂ် ၊ အုတ်ခဲ နဲ့ ဖရစ္စကို “ ဆိုတဲ့ထူးဆန်းတဲ့နာမည်တွေ ။ “သူ့ကို ကူညီပါ “ လို့ အကူအညီတောင်းသွားတဲ့ရည်းစားဟောင်းအတွက် ဘရန်ဒန်တစ်ယောက်သူ့သူငယ်ချင်း ဘရိန်း အကူအညီနဲ့အဲဒီသဲလွန်စတွေနောက်ကို လိုက်ရပါတော့တယ် ။ သဲလွန်စ တစ်ခုပြီးတစ်ခုလူတစ်ယောက်ပြီး တစ်ယောက်နောက်ကို လိုက်ရင်းနဲ့ ဘရန်ဒန် နောက်ဆုံးမှာပင်န် နဲ့တွေ့ခဲ့ရပါတယ် ။ ပင်န်ဆိုတာ ဘယ်သူလဲ ၊ အမ်မလီနဲ့ရောဘယ်လိုဆက်စပ်နေမလဲ ။ အမ်မလီတောင်းထားတဲ့ အကူအညီကိုရောဘရန်ဒန် ပေးနိုင်မလားဆိုတာကို Brick ဆိုတဲ့ရုပ်ရှင်ဇာတ်ကားကြီးမှာအားလုံးအတူတူ ကြည့်လိုက်ရအောင်နော် ။ဒီဇာတ်ကားထဲမှာတော့ အဓိကသရုပ်ဆောင်ဖြစ်တဲ့ ဘရန်ဒန်အဖြစ်အားလုံးသိကြတဲ့ 500 days of summer , 10 things Ihate about you တို့ထဲမှာပါဝင်ခဲ့ဖူးတဲ့ မင်းသား Joseph Gordon Levitt က ပါဝင်သရုပ်ဆောင်ထားပါတယ် ။ဒီရုပ်ရှင်ကားရဲ့ ထူးခြားချက်ကတော့ Dark films လို့ ခေါ်ကြတဲ့ Neo-noirသည်းထိတ်ရင်ဖိုရုပ်ရှင်အမျိုးအစားဖြစ်ပြီး ဒါရိုက်တာဖြစ်သူက သူ့ရဲ့ မွေးရပ်မြေမှာ 35mm filmcamera လေးနဲ့ ရက် ၂၀ အတွင်း အပြီးရိုက်ကူးခဲ့တာဖြစ်ပါတယ် ။