The Teachers’ Lounge HD

The Teachers’ Lounge

Drama Thriller HD 2023-05-04 8.143 98 Min

ကားနာမည်နဲ့ လိုက်အောင်ပဲ ဒီရုပ်ရှင်မှာ ကျောင်းတစ်ကျောင်းရဲ့ ဆရာများနားနေခန်းထဲက ပြဿနာတွေကို အခြေတည်ပြီး ကျောင်းက ကလေးတွေ ကျောင်းကလူတွေနဲ့ ချိတ်ဆက်ပြသထားတယ်။ကျောင်းတစ်ကျောင်းမှာ ခိုးမှုတွေဖြစ်နေတယ်။ ဒီခိုးမှုတွေက တော်တော်များနေပေမဲ့ ဘယ်သူလား ဘာလားလဲမသိရသေးဘူး။ ပိုက်ဆံတွေအများကြီးပျောက်သွားတာတွေလည်းရှိတယ်။ ဒီတော့ ဆရာမတွေနဲ့ကျောင်းအုပ်ချုပ်ရေးတွေပေါင်းပြီး ကလေးတွေကို စစ်ကြဆေးကြတယ်။ ဒီနောက် ကလေးတစ်ယောက်ကို မသင်္ကာလို့ မိဘခေါ်ပေမဲ့ မိဘက သူတို့ပေးလိုက်တဲ့ငွေတွေပါလို့ ပြောတဲ့နောက် ကလေးကိုမတရားစွပ်စွဲသလိုဖြစ်ပြီး ဆရာမတွေ ကွိုင်တက်ကုန်တယ်။အဓိကဇာတ်ကောင်ဖြစ်တဲ့ ကျောင်းဆရာမက လျှို့ဝှက်ကင်မရာတပ်ပြီး သူခိုးဖမ်းဖို့ကြံတယ်။ ကျောင်းဝန်ထမ်းတစ်ယောက်ကို ရိုက်မိသွားတယ်။ဒါပေမဲ့ စစ်တော့ စွပ်စွဲပါတယ်ဆိုပြီး ငိုပြီးယိုပြီး ကျောင်းကထွက်သွားတယ်။ ဒီနောက် ကျောင်းက အကုန်လုံးကို လိုက်စွပ်စွဲနေပါတယ်ဆိုပြီး ကောလာဟလတွေ သတင်းတွေ မိဘတွေ ကလေးတွေကြားပြန့်လာရာက ဒီပြဿနာတွေကို ဘယ်လိုအဖြေရှာကြမလဲ ဆရာများနားနေခန်းထဲ ပြဿနာတွေဖြေရှင်းကြတဲ့အကြောင်းပေါ့။ မထင်ထားခြင်းများနဲ့ ဒီဇာတ်ဟာ ပြည့်နှက်နေတယ်။ မဖြစ်မနေဆိုတဲ့အရာတွေမထည့်ဘဲ လိုအပ်တယ်ထင်တာတွေပဲ ပြသွားခဲ့တယ်။ဒီကားက ရုပ်ရှင်ပွဲတော်ကြိုက်ကားမျိုးဆိုတော့ ဒီလိုအအေးစား ဒရာမာတွေကို မကြိုက်တတ်တဲ့သူတွေအတွက်တော့မဟုတ်ဘူး။ ရုပ်ရှင်ကိုရုပ်ရှင်လိုကြည့်ကြမယ်ဆိုရင်တော့ ကြည့်လို့အရသာရှိတဲ့ ရုပ်ရှင်ပါပဲ။ စီနီမာတိုဂရပ်ဖီဆုတွေ မင်းသမီးဆုတွေ ဇာတ်ညွှန်းဆုတွေလည်း ရုပ်ရှင်ပွဲတော်တွေမှာ တစ်သီတစ်သန်းကြီးရထားတယ်။သူ့ဇစ်မြစ်ဖြစ်တဲ့ ဂျာမန်က အကယ်ဒမီပေးပွဲမှာလည်း ဆုတွေတစ်သီကြီးရထားတဲ့ ဂျာမန်ကားကောင်းတစ်ကားပါပဲ။