လူတစ်ယောက်ကို ပြောင်းလဲစေတာက အချစ်လို့ပြောမယ်ဆို ရဲရဲကြီးယုံလိုက်ပါ…ငယ်စဉ်က မိသားစုတွေ ဆုံးပါးသွားပြီး တစ်ယောက်တည်းကျန်ခဲ့တဲ့ “ဒါမာ”ကြီးပြင်းတဲ့အထိ တစ်ယောက်တည်းနေဖို့ကိုပဲရွေးချယ်ခဲ့ပြီး လူ့ပတ်ဝန်းကျင်နဲ့ ဝင်ဆံ့ဖို့ မကြိုးစားတဲ့ လူ့ဂွစာတစ်ယောက်အဲဒီ့သူ့ဘဝထဲကို မမျှော်လင့်ဘဲ ရောက်လာတာကတော့ ခွေးလေးတစ်ကောင် အဲဒီခွေးလေးကို သူမမွေးချင်လို့ မွေးစားမယ့်သူကိုရှာနေတုန်းမှာပဲ ခွေးလေးနဲ့ သံယောဇဉ်တွယ်သွားပြီး ခွေးလေးက သူ့ရဲ့ဘဝဖြစ်လာခဲ့တော့တယ်... သူ့ရဲ့ မာကြောနေတဲ့ ဘဝကြီးကိုနူးညံ့ပျော့ပျောင်းလာစေပြီးဂျစ်ကန်ကန်နဲ့ လောကကြီးကို အရွဲ့တိုက်နေထိုင်ခဲ့တဲ့ သူ့ကိုအမြင်ကျယ်လာစေခဲ့တာက အဲဒီခွေးလေးပေါ့လူနဲ့ တိရစ္ဆာန်ကြားက မေတ္တာတရားအဲဒီမေတ္တာဆိုတဲ့အရာဟာ စစ်မှန်ရင်ဘယ်လောက်တောင် စွမ်းအားကြီးတယ်ဆိုတဲ့အကြောင်း ရိုက်ကူးပြသထားတဲ့မျက်ရည်မခိုင်သူတွေ မျက်ရည်ကျစေမယ့်ဒရမ်မာကားကောင်းတစ်ကားပဲ ဖြစ်ပါတယ်