နာမည်ဖတ်ကြည့်ရင်တော့ အရှည်ကြီ: ဘာရေးလို့ရေးထားမှန်းခန့်မှန်းလို့မရဘူး။ ဒါပေမဲ့ ဇာတ်ကားကတော့ တိုတိုလေးနဲ့ တကယ်ကိုထိထိမိမိရှိတဲ့ ဟာသကား ဖြစ်ပါတယ်။နာမည်ကျော် TV show တစ်ခုဖြစ်တဲ့ Saturday night live ရဲ့ writers တွေဖြစ်တဲ့ John, Ben, Martin တို့ ၃ ယောက်က ဒီ ဇာတ်ကားထဲမှာလည်းကိုယ်တိုင် ပါဝင် ရေးသားသရုပ်ဆောင်ထားတာမို့ ဟာသတွေကကြည့်တဲ့သူတွေကို ရယ်မောစေမှာ အမှန်ပါပဲ။ သူတို့ချည်းပဲ မဟုတ်ပဲနာမည်ကျော် ဝါရင့်သရုပ်ဆောင် Conan O’Brien ကလည်း ပါဝင်သရုပ်ဆောင်ထားတာမို့ပေါ့ပျက်ပျက် ဟာသကား မဟုတ်တာ အသေအချာပါပဲ..ဇာတ်လမ်းလေးကတော့ John, Ben, Martin တို့ သူငယ်ချင်း ၃ ယောက်ဟာငယ်ငယ်ကတည်းက ခင်လာပြီး ကြီးလာခဲ့ကြတဲ့ အချစ်ဆုံးသူငယ်ချင်း ၃ ယောက်ဖြစ်ပါတယ်။ အသက်ကြီးလာတော့ ဘဝကိုယ်စီနဲ့ ဝေးသွားတော့မဲ့သူငယ်ချင်းတွေကို မခွဲချင်တဲ့ John က ငယ်ငယ်တုန်းက သူတို့တူတူ ကောက်ရခဲ့တဲ့သံလိုက်အိမ်မြှောင်လေးကိုအကြောင်းပြုပြီး တောနက်ထဲမှာ ရတနာရှာထွက်ဖို့စည်းရုံးပါတော့တယ်။ အဲ့ဒီလိုလဲ ရတနာရှာထွက်လာတဲ့ အချိန်မှာ ဘယ်လိုအခက်အခဲတွေ ရင်ဆိုင်ရမှာလဲ ကျော်ဖြတ်နိုင်မှာလား ရတနာကောအဆုံးသတ်မှာရမှာလား စတာတွေက စိတ်ဝင်စားဖို့ကောင်းသလို ဇာတ်ကားတစ်လျောက်လုံးမှာလည်းဟာသရယ်မောစရာတွေကို မရိုးအောင် ကြည့်ရှုခံစားရမဲ့ အဆင့်မြင့် ဟာသကားလေးတစ်ကားဖြစ်ပါတယ်ခင်ဗျ…