Murder Runs in the Family FHD

Murder Runs in the Family

Thriller Mystery TV Movie FHD 2023-07-17 4 105 Min

Murder Runs In The Family ကို စာရေးဆရာမ Lauren Greenwood ရဲ့စာအုပ်ကိုပြန်လည်ရိုက်ကူးထားတာဖြစ်ပြီး Laura Lieben ၊ Eric Wigston ၊Connor Suart တို့ အဓိကပါဝင်သရုပ်ဆောင်ထားပါတယ်။အနုပညာကုထုံးပညာရှင်တစ်ယောက်ဖြစ်တဲ့ ရန်းဝီလီယံဟာအိမ်ပြန်ရောက်ရောက်ချင်းပဲ မွေးစားမိခင်သေဆုံးရတဲ့ အဖြစ်နဲ့ရင်ဆိုင်လိုက်ရပါတယ်။မွေးစားမိခင်သေဆုံးရတဲ့ကိစ္စမှာ မသင်္ကာစရာ သဲလွန်စလေးတွေရှိနေတာကြောင့်ရန်းတစ်ယောက် တဖြည်းဖြည်းစုံစမ်းရင်းမိခင်အရင်းခေါက်ခေါက်ပါ တစ်ပုံစံတည်းသေဆုံးခဲ့တယ်ဆိုတာပါ သိလိုက်ရပါတော့တယ်။မွေးစားမိခင်နှင့် မိခင်အရင်းနှစ်ယောက်စလုံး သေဆုံးရခြင်းရဲ့လက်သည်ဟာသူမရဲ့ဖခင်လား၊ သူမဖခင်ဟာမိသားစုလျှို့ဝှက်ချက်တွေကို မိခင်နှစ်ယောက်စလုံးကိုနှုတ်ပိတ်ပြီးလက်စဖျောက်ခဲ့တာဖြစ်နိုင်လား ဆိုတာသံသယဝင်လာပြီး ရန်းဝီလီယံတစ်ယောက် တစ်ကိုယ်တော်စုံစမ်းထောက်လှမ်းခဲ့ပါတယ်ဖခင်ကိုအနီးကပ်စောင့်ကြည့်နေရပေမယ့် ဖခင်ကအချိန်မရွေးအန္တရာယ်ပြုလာမှာလား..တခြားမောင်နှမတွေကိုကော ဘေးကင်းအောင်စောင့်ရှောက်နိုင်ပါ့မလား..မိခင်နှစ်ဦးစလုံးကို သတ်တဲ့တရားခံဟာဘယ်သူဖြစ်မလဲဆိုတာ ဆက်လက်ရှုစားကြရမှာဖြစ်ပါတယ်။