ဒီတစ်ခါမှာတော့ ကြည့်ရှုသူပရိတ်သတ်ကြီးကို တူရကီhorrorဇာတ်ကားကောင်းလေးတစ်ကားနဲ့မိတ်ဆက်ပေးပါရစေဒီဇာတ်ကားဟာ အကူအညီပေးဖို့သွားတဲ့ရဲအဖွဲ့တစ်ဖွဲ့ငရဲတစ်ခါးဝကိုရောက်သွားတဲ့အကြောင်းကို ဇာတ်အိမ်တည်ထားပြီး ဒါရိုက်တာ Can Evrenol က ရိုက်ကူးပုံဖော်ထားတဲ့rating 5.8/10 ရရှိထားတဲ့ဇာတ်ကားတစ်ကားဖြစ်ပါတယ်ဒီဇာတ်ကားမှာ မင်းသားတွေဖြစ်တဲ့ Gorkem Kasal,ErgunKuyucu,Mehmet Cerrahoglu,Sabahattin Yakut နဲ့Mehmet Cerrahoglu တို့ကပါဝင်အားဖြည့်သရုပ်ဆောင်ထားပါတယ်.ဇာတ်လမ်းအစမှာ စားသောက်ဆိုင်တစ်ဆိုင်မှာအနားယူနေကြတဲ့Arda တို့ရဲအဖွဲ့သားတွေဖြစ်တဲ့ Yavuz,Remzi,Saboနဲ့ Apoတို့အဖွဲ့သား၅ ယောက် စားသောက်ဆိုင်ကအပြန်မှာ Inceagacနေရာဒေသကနေအကူအညီတောင်းတာကိုကြားလိုက်ရပါတယ် အဲ့နောက် အကူအညီခေါ်ထားတဲ့ဆီကိုသွားတဲ့ လမ်းမှာ ထူးဆန်းမှုတွေ တစ်ခုပြီးတစ်ခု ကြုံပြီး ညကြီးအချိန်မတော် လူသူမရှိတဲ့ လမ်းမှာကြီးမှာရုတ်တရက်လူတစ်ယောက်ကိုကားနဲ့တိုက်မိပြီး ကားမှောက်သွားပါတယ် ထူးဆန်းတာတစ်ခုကတိုက်ခံရတဲ့သူက ချက်ချင်းဆိုသလို ပျောက်ချင်းမလှပျောက်သွားပါတယ်ကားနဲ့အတိုက်ခံလိုက်ရတဲ့သူကကောဘယ်သူလဲ သူကကော ဘာလို့လူသူမရှိတဲ့ဒီလမ်းပေါ်ကိုရောက်လာတာလဲ သူတို့အဖွဲ့ကကော အကူအညီခေါ်ထားတဲ့Inceagac ကို ရောက်သွားမှာလား ရောက်သွားတဲ့အခါမှာကောဘာတွေကိုကြူံတွေ့ရမှာလဲ သူတို့အဖွဲ့ကကော Inceagac ကနေအသက်ရှင်လျက်ပြန်လာနိုင်ပါ့မလားဆိုတာ ဒီဇာတ်ကားလေးထဲမှာ စိတ်ဝင်စားဖွယ်ကြည့်ရှု့လိုက်ပါဦးဒီဇာတ်ကားက ဇာတ်ညွှန်းရေးဆရာတဲ့မြှပ်ကွက်လှည့်ကွက်တွေနဲ့ပဟေဠိဆန်ဆန်အဖြစ်အပျက်တွေကြောင့် ကြည့်ရှုသူပရိတ်သတ်ကို ဇာတ်လမ်းအစအလယ် အဆုံး စွဲခေါ်သွားနိုင်တဲ့ ဇာတ်ကားတစ်ကားဖြစ်ပြီး ဒီဇာတ်ကားကHorror Fantasyအမျိုးအစားကိုမှကြိုက်နှစ်သက်သူတွေအဖို့ မလွတ်စတမ်းကြည့်ရှုသင့်တဲ့ ဇာတ်ကားလေးတစ်ကားဖြစ်ပါတယ်