ဇာတ်လမ်းအကျဥ်းကတော့ အမည်မသိ လူတစ်စုက ဗဟိုအကျဥ်းထောင်တစ်ခုမှာရှိတဲ့ အကျဥ်းသားတွေ အပါအဝင်ဗြူရိုအရာရှိဟောင်းဖြစ်တဲ့ မစ္စတာဗာမန်ကိုပါ ပြန်ပေးဆွဲသွားပါတယ်အဲဒီ ဓားစာခံပြဿနာကို မဟုတ်မခံ သမာသမတ်ကျတဲ့ ဒုရဲမှူး ချန်ဂါပါကို တာဝန်ပေးလာပါတယ်အကျဥ်းထောင်ကို ဝင်စီးတုန်းက စီစီတီဗီမှတ်တမ်းတွေကိုပါ လက်စဖျောက်သွားခဲ့ပြီး ဆရာချန်ဂါပါနဲ့အမည်မသိ ဂိုဏ်းစတားတို့ရဲ့ ကြောင်နဲ့ကြွက် ကစားပွဲ စတင်ပါတော့တယ်အမည်မသိ ဂိုဏ်းစတားဆိုတာ တကယ်တော့ “Big Daddy” ဆိုပြီး နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ ဂိုဏ်းခေါင်းဆောင် ဒါလာဗာရီဖြစ်ပါတယ်ဒါလာဗာရီက ထောင်အတွင်းမှာ ဝှက်ထားတဲ့ ရွှေတုံးတွေကိုယူဖို့လာတာဖြစ်ပြီး ရွှေတုံးတွေကတော့ ဗြူရိုအကြီးအကဲဗာမန်တို့ မစ်ရှင်တစ်ခုမှာ သိမ်းဆည်းရမိခဲ့တာပါဒါကို ဗာမန်က ထောင်အတွင်းမှာ လုံခြုံရေးပရိုဂရမ် အမည်ခံပြီး ရွှေတွေယူဖို့ လာတာဖြစ်ပါတယ်ဒီထက် ပိုပြီးပြောရင် ဇာတ်လမ်းပေါ့သွားမှာစိုးလို့ ဒီမှာပဲ ရပ်ပါမယ်အိန္ဒိယနိုင်ငံရဲ့ အထက်လူကြီးတွေရဲ့ အကျင့်ပျက်ခြစားမှူတွေနဲ့ ဂန်းစတားတွေရဲ့ အရှုပ်တော်ပုံကိုနှစ်နာရီ အချိန်အတွင်းမှာထိုင်ရာမထ စိတ်ဝင်တစားကြည့်ရမှာဖြစ်ပြီး ဇာတ်လမ်းသွားလည်း မနှေးတာမို့ မပျင်းစေရပါဘူးနော်