ဒီဇာတ်ကားက မာဖီးယားတွေလက်ကနေ ထွက်ပြေးလာတဲ့ရာဇဝတ်သားIvanဆိုတဲ့ကောင်လေးတစ်ယောက်အပေါ်ကို ဇာတ်အိမ်တည်ထားပြီးဒါရိုက်တာNathanLightက ရိုက်ကူးခြယ်မှုန်းထားတဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ်ဒီဇာတ်ကားမှာမင်းသားChristianWatkinsနဲ့မင်းသမီးMaic Engleတို့ကပါဝင်အားဖြည့်သရုပ်ဆောင်ထားပါတယ် ဇာတ်လမ်းအစမှာDakota Brooks ဆိုတဲ့သမင်တွေကို အမဲလိုက်ရတာဝါသနာပါတဲ့ ကောင်မလေးတစ်ယောက်ကCampgroundမှာ အမဲလိုက်ဖို့အချိန်ပိုင်းအလုပ်ဝင်လုပ်တဲ့အချိန်မှာပဲတိုက်တိုက်ဆိုင်ဆိုင်ပဲ အခန်းနံပါတ် ၅ က Mr.LoganMcleanဆိုတဲ့ သူတစ်ယောက်ကအသတ်ခံထားရပါတယ်အဲ့အချိန်မှာပဲမာဖီးယားဂိုဏ်းကအဖွဲ့သားတွေကCampgroundမှာ လာရောက်ပုန်းအောင်းနေတဲ့ Ivanလို့ခေါ်တဲ့ ကောင်လေးတစ်ယောက်ကိုဖမ်းဆီးဖို့ရောက်ရှိလာပါတော့တယ်အဲ့ဒီနောက်ထူးထူးဆန်းဆန်းပဲCampgroundမှာတည်းနေကြတဲ့ သူတွေအားလုံးကို ခရစ်ဒစ်ကတ်အချက်အလက်တွေကို လိုက်တောင်းတဲ့ ဖုန်းတစ်လုံးဝင်လာပါတယ် Dakotaဆိုတဲ့ကောင်မလေးတစ်ယောက်ဒီပြဿနာကိုလိုက်ဖြေရှင်းရင်းIvan ဆိုတဲ့ မာဖီးယားဂိုဏ်းကအလိုရှိနေတဲ့ကောင်လေးနဲ့ဆုံမိပြီးတဲ့နောက် ဘာတွေဆက်ဖြစ်လာမလဲ Campgrounကဧည့်သည်တွေကိုဖုန်းဆက်ပြီး ခရစ်ဒစ်ကတ်အချက်အလက်တွေကိုလိုက်တောင်းနေတာကရော ဘယ်သူ ဖြစ်မလဲ Mr.LoganMclean ဆိုတဲ့သူကရော ဘယ်သူလဲသူကဘာကြောင့်အသတ်ခံလိုက်ရတာလဲ Ivanဆိုတဲ့ကောင်လေးကရောဘယ်သူလဲ ဘာကြောင့်သူ့ကို မာဖီးယားဂိုဏ်းကအလိုရှိနေတာလဲသူကရော မာဖီးယားတွေလက်က လွတ်အောင်ပြေးနိုင်ပါ့မလားဆိုတာကိုဒီဇာတ်ကားလေးထဲမှာ စီးမျှောလိုက်ပါဦး ဒီဇာတ်ကားဟာ ဇာတ်ညွှန်းရေးဆရာရဲ့မြှပ်ကွက် လှည့်ကွက်တွေကြောင့် ကြည့်ရှုသူပရိတ်သတ်ရဲ့စိတ်ကို ကြည့်နေရင်းထမသွားချင်လောက်အောင်စွဲဆောင်ထားနိုင်ပြီး Thriller အမျိုးအစားကြိုက်နှစ်သက်တဲ့သူတွေအတွက် မလွတ် စတမ်းကြည့်ရှုသင့်တဲ့ ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်