It Follows FHD

It Follows

Horror Mystery FHD 2015-02-04 6.563 101 Min

Story က ကြည့်လိုက်ရင် တော်တော်အူကြောင်ကြောင်နိုင်ပါတယ်။ Sex အသားပေးကားလို့ထင်ရတယ်။ ဒါပေမဲ့မဟုတ်ပါဘူး။ အဲကိစ္စတွေက ပါတယ်ဆိုရုံလောက် သဘောလောက်ပဲပါပါတယ်။ဇာတ်လမ်းက သေချာစဉ်းစားကြည့်ရင် တော်တော်ကြမ်းပါတယ်။ ကိုယ့်နောက်ကို လူတစ်ယောက်က ကိုယ့်ကိုမမိမချင်း လိုက်နေတယ်။ ဘယ်သူနဲ့တူမှန်းလည်း မသိဘူး။ဘယ်အချိန်ရောက်လာမယ်မှန်းလဲမသိဘူး။ ဥပမာ ကိုယ်တစ်ယောက်ယောက်နဲ့စကားပြောနေတုန်း နောက်ကရောက်လာရင်ဘယ်လိုလုပ်မလဲ။ သူများတွေလဲမြင်ရတာမဟုတ်။ ညအိပ်နေတုန်းရောက်လာရင်ရော။ ကိုယ်နောက်တစ်ယောက်နဲ့အိပ်လိုက်လို့လည်း ဒီကိစ္စက အေးသွားတာမဟုတ်ပါဘူး။ တကယ်လို့ အဲလူကိုမိသွားရင် ကိုယ့်ဆီပြန်လာနိုင်တယ်။ တွေးစရာတွေ တော်တော်များပါတယ်။.ဒီကားက တစ်ကားလုံးမှ ဒေါ်လာ (၂)သန်း budget နဲ့ရိုက်ထားတဲ့ကားပါ။ ရိုက်သွားတာ တော်တော်မိုက်ပါတယ်။ ဇာတ်လမ်းအရ သရဲ/အကောင်က မှောင်မှ လိုက်သတ်တဲ့ တခြားကားထဲက သရဲမဟုတ်လို့ညဘက်ကြီး မီးရုတ်တရက် ပြတ်သွားတာမျိုးမရှိဘူး။ ချောင်းကြည့်ပြီး ကြောက်အောင် ခြောက်နေတာမျိုးလည်း မပါဘူး။ Follow လုပ်ပြီး မိရင်သတ်တယ်ဆိုလို့ နေ့ခင်းကြောင်တောင်ကြီး လူတစ်ယောက်ဖြေးဖြေး ပုံမှန်နဲ့ လမ်းတည့်တည့်ကြီးလျှောက်လာတာတွေ့ရရင်ကို ကြည့်တဲ့ကောင်က ကြက်သီးထနေပြီ။ တီးလုံးကလည်း instrumental လိုမျိုးမဟုတ်ဘဲ Ex Machina ထဲကလိုမျိုး Electroလိုမျိုးတွေ သွားထားတယ်။ တော်တော်လည်း ကျောချမ်းဖို့ကောင်းတယ် တီးထားတာ။.It Follows က low budget film တစ်ကားပါ။ နာမည်ကြီး ဒါရိုက်တာ မင်းသားမင်းသမီးတွေမဟုတ်ဘဲ ရိုက်ထားတယ်ဆိုပေမဲ့ တော်တော်ကြီးကို ကောင်းတဲ့ကားပါ။ နာမည်လည်းမကြားဘူး၊ coveကြည့်တော့လည်း ဘာလိုလို ညာလိုလိုထင်ရတယ်။ International rating တွေကြည့်လိုက်တော့မှ တော်တော်ကြမ်းမှန်းသိရတယ်။ Horror ကားကောင်းကောင်း ကြိုက်တဲ့လူတွေ ကြည့်သင့်တယ်။ကြည့်ပြီးတဲ့ပိတ်သတ်တွေရှိရင်လဲ ဒီဇာတ်ကားလေးအပေါ် အမြင်လေးတွေမန့်သွားကြပါဦး။ ????