Maanagaram HD

Maanagaram

Action Thriller HD 2017-03-10 7.595 137 Min

IMDb 8.1 ရထားတဲ့ ဒါရိုက်တာ Lokesh Kanagaraj ရဲ့ တမီးလ် action/thriller ကား(UNCUT version) ဖြစ်ပါတယ်ဒါရိုက်တာ Lokesh ကို ဘာလို့ ထည့်ပြောရသလဲဆိုရင် လတ်တလောလေးက ထွက်ထားတဲ့ ဗီဂျေးရဲ့ သောက်ကြမ်းကား Leo(2023) ရဲ့ ပဲ့ကိုင်ရှင်ဖြစ်နေလို့ပါEnter fullscreenဒါရိုက်တာ Lokesh ဟာ action/thriller ကားတွေနဲ့ တမီးလ်ရုပ်ရှင်လောကမှာ နောက်ပိုင်း ထင်ပေါ်လာသူတစ်ယောက်ဖြစ်ပါတယ်Kaithi, Vikram နဲ့ Leo ဆိုပြီး သုံးကားတွဲ (Lokesh Cinematic Universe – LCU)ဆိုပြီးကင်ပွန်းတပ်ရတဲ့အထိ အောင်မြင်ခဲ့ပြီး ဒီ Maanagaram ကတော့ သူ့ရဲ့ ပွဲဦးထွက် ကိုယ်တိုင် ဇာတ်ညွှန်းရေး ရိုက်ကူးခဲ့တဲ့ ဇာတ်ကားဖြစ်ပါတယ်တက်သစ်စ ဒါရိုက်တာတစ်ယောက်ရဲ့ ပွဲဦးထွက်ဆိုပေမယ့် ဘတ်ဂျက် သန်း ၄၀ နဲ့ ရိုက်ကူးခဲ့ရာမှာ ရုံတင်ဝင်ငွေ သန်း ၁၁၀ အထိအမြတ်အစွန်းပြန်ရခဲ့ပြီး ဝေဖန်ရေးဆရာတွေရဲ့ ထောပနာပြုမှုကိုပါ ခံခဲ့ရပါတယ်ဇာတ်လမ်းအကျဥ်းကတော့ ချန်နိုင်းစီးပွားရေးမြို့ကြီးကို တက်လာတဲ့အင်ဂျင်နီယာကျောင်းသား Sri ဟာ အလုပ်အင်တာဗျူးအောင်လို့ ဘော်ဒါတွေကိုတစ်ဝိုင်းတိုက်နေရင်းနောက်တော့ ဘားမှာပဲ Sundeep Kishan ဆိုတဲ့လူက ကျောင်းတုန်းက ပြန်မကြိုက်ခဲ့တဲ့ crush လေးအကြောင်း ပြောနေပြန်ပါတယ်အတိတ်က ဖြစ်ရပ်တစ်ခုမှာ လူမိုက်တစ်ယောက်က ကောင်မလေးRegina ကို Sundeep နဲ့ကြိုက်ရင် သတ်ပစ်မယ်ဆိုပြီးအက်စစ်နဲ့မျက်နှာကို ပက်ပစ်မယ် ဆိုပြီး ချိန်းခြောက်တာကြောင့် Sundeep က ဒေါသထွက်ပြီး လူမိုက်ကို ပြန်ရိုက်ရာမှာလူမိုက်က အခုပစ္စုပ္ပန်မှာ Sundeep ကို ဘားမှာပြန်တွေ့ပြီး ချောင်းရိုက်ဖို့ လူငှားပါတယ်ဖြစ်ချင်တော့ လူမှားပြီး ရိုက်မိလိုက်သူက Sri ဖြစ်နေပါတယ်တစ်ဖက်မှာလည်း သားဖြစ်သူရဲ့ ဆေးဖိုးလိုလို့ PKP ဆိုတဲ့ လက်မရွံ့ ဂန်းစတားရဲ့ ကားကို အငှားမောင်းတဲ့Charle ဆိုသူက သူ့ရဲ့တက္ကစီပေါ်မှာ Sri ရဲ့ စာရွက်စာတမ်းတွေနဲ့ အိတ်ကို သွားတွေ့ပြီး ရဲတိုင်ပါတော့တယ်…ဒီလို အဆက်အစပ်မရှိတဲ့သူတွေ ဘယ်လို ပတ်သက်မိကြမလဲဆိုတာ ဒီထက်ဆက်ပြောပြရင်ဇာတ်လမ်းသိပြီး အရသာပျက်သွားမှာစိုးလို့ ကိုယ်တိုင်ပဲ ဆက်ကြည့်လိုက်ဖို့ အကြံပေးပါတယ်အတိုချုပ်ကတော့ မတူညီတဲ့ လူလေးယောက် ချန်နိုင်းမြို့ကြီးကရှုပ်ထွေးလှတဲ့ အမှုတစ်ခုမှာ ဘယ်လို ပတ်သက်ဆက်နွယ်မိသွားလဲဆိုတာပါပဲဇာတ်လမ်းဇာတ်အိမ် ရှုပ်ထွေးတာမျိုးကြိုက်တဲ့ သူတွေအဖို့တော့ထိုင်ခုံအစွန်းနဲ့ မြဲနေအောင် ကြည့်ရမယ့် ကားကောင်းတစ်ကားပါပဲ