Honeymoon FHD

Honeymoon

Horror Science Fiction FHD 2014-09-12 5.4 88 Min

ပေါလ်နဲ့ ထရစ္စီတို့ဟာ ညားကာစလင်မယားဖြစ်ပါတယ်။မင်္ဂလာဦးပျားရည်ဆမ်းခရီးထွက်ခါနီးမှာ ထရစ္စီနေမကောင်းဖြစ်တာကြောင့်မြို့ကြီးပြကြီးတွေဆီမသွားဖြစ်တော့ဘဲ ထရစ္စီတို့မိသားစုပိုင်သစ်တောအိမ်ကလေးမှာပဲ အနားယူဖို့ထွက်လာခဲ့ကြပါတယ်။ လူသူအရောက်အပေါက်နည်းတဲ့ တောအုပ်လေးနဲ့ ရေကန်လေးနားက အိမ်ကလေးမှာကြင်စဦးဇနီးမောင်နှံနှစ်ယောက် အေးအေးလူလူအနားယူနေကြပါတယ်။တစ်ညနေမှာ လမ်းလျှောက်ထွက်ရင်း မနီးမဝေးကစားသောက်ဆိုင်တစ်ဆိုင်ကိုရောက်သွားပါတယ်။ ဆိုင်ထဲကိုရောက်တဲ့အခါ ဆိုင်တစ်ခုလုံးခြောက်ကပ်နေပြီးဆိုင်ရှင်ကလည်းရန်လိုတဲ့ပုံစံနဲ့အတင်းနှင်ထုတ်တာကြောင့်လင်မယားနှစ်ယောက်ပြန်ခါနီးဆဲဆဲမှာ ဆိုင်ရှင်က ထရစ္စီကို နာမည်ခေါ်ပြီးနှုတ်ဆက်လိုက်ပါတယ်။ဆိုင်ရှင်ဟာ ထရစ္စီရဲ့ ငယ်ရည်းစား ဝီလ်ဖြစ်နေပြီးဝီလ်ဟာအိမ်ထောင်ကျပြီးနောက်ဇနီးဖြစ်သူအန်နီတို့မိသားစုပိုင်ဆိုင်တဲ့ တောကြိုအုံကြားက စားသောက်လေးမှာနေထိုင်နေတာဖြစ်ပါတယ်။ အဲဒီအချိန်မှာပဲ ဆိုင်ရှင်ဇနီးဖြစ်သူအန်နီရုတ်တရက်ရောက်လာပြီး ဧည့်သည်တွေကိုနှင်ထုတ်ပါတော့တယ်။ ဝီလ်ကဇနီးသည်နေမကောင်းဖြစ်နေတဲ့အတွက် ပြောမိတာဖြစ်ကြောင်းတောင်းပန်ပြီးပြန်လွှတ်လိုက်ပေမယ့်ဧည့်သည်လင်မယားနှစ်ယောက်ဟာ ဆိုင်ရှင်နှစ်ယောက်ရဲ့ ထူးဆန်းတဲ့အမူအရာတွေကြောင့် သံသယစိတ်တွေနဲ့ ပြန်လာခဲ့ကြပါတယ်။အဲဒီညမှာပဲ ပေါလ်ဟာဇနီးသည်ထရစ္စီတစ်ယောက် အိမ်ထဲကနေရုတ်တရက်ပျောက်သွားတာ သိလိုက်ရပါတယ်။ အိမ်နားပတ်ချာလည်လိုက်ရှာရင်း အနီးကတောအုပ်ထဲမှာ ထရစ္စီတစ်ယောက် အဝတ်အစားမပါဘဲတစ်ယောက်တည်းငူငူကြီးရပ်နေတာ တွေ့လိုက်ရပါတော့တယ်။ ထရစ္စီကိုချက်ချင်းပြန်ခေါ်လာပြီး ဖြစ်ကြောင်းကုန်စင်မေးမြန်းပေမယ့် အိပ်ပျော်စဉ်လမ်းလျှောက်တာဆိုတဲ့ အဖြေကလွဲလို့ရေရေရာရာမသိခဲ့ရပါဘူး။ နောက်နေ့မနက်စကပြီး ထရစ္စီဟာ ရေတိုမှတ်ဉာဏ်တွေ သိသိသာသာအားနည်းလာတာ ပေါလ်သိလိုက်ရပါတယ်။ ပေါလ်ဟာထရစ္စီကို ဂရုတစိုက်မေးမြန်းပေမယ့် ထရစ္စီကတော့အဆင်ပြေကြောင်းသာပြောဆိုနေခဲ့ပါတယ်။ ထရစ္စီရဲ့ပေါင်ရင်းမှာ ဒဏ်ရာတွေတဖြည်းဖြည်းပေါ်လာပြီး ထရစ္စီကိုယ်တိုင်လည်း ပေါလ်နဲ့လင်မယားကိစ္စမဖြစ်အောင် သိသိသာသာရှောင်ဖယ်လာခဲ့ပါတယ်။ညဘက်ရောက်တဲ့အခါမှာလည်းအိမ်အပြင်ကနေ ဓါတ်မီးနဲ့ထိုးနေတာတွေ၊ တချွတ်ချွတ်အသံကြားရတာတွေကြောင့်ပေါလ်ဟာ ဒီကိစ္စမှာ ဝီလ်ရဲ့လက်ချက်မကင်းကြောင်းသံသယဝင်လာပါတော့တယ်ထရစ္စီရဲ့ရေတိုမှတ်ဉာဏ်ဟာ တစတစဆိုးရွားလာပြီး ပေါလ်နဲ့တွေ့ရင်ပြောရမယ့်စကားတွေကိုပါ ထရစ္စီဟာအခန်းထဲမှာ တစ်ယောက်တည်းကြိုလေ့ကျင့်နေမှန်းသိလိုက်ရတဲ့နောက်မှာတော့ပေါလ်ဟာသံသယအကြီးအကျယ်ဝင်ပြီး အိမ်ပြန်ဖို့စီစဉ်ပါတော့တယ်။ အိမ်မပြန်ခင်မှာ သူသံသယရှိတဲ့ဝီလ်နဲ့စာရင်းရှင်းဖို့သွားပေမယ့်ဝီလ်ကိုမတွေ့ရဘဲ သူ့ဇနီးသည်အန်နီကိုသာတွေ့ခဲ့ပြီးအန်နီ့ဆီမှာလည်း ထရစ္စီလိုဒဏ်ရာတွေရှိနေတာ၊ အန်နီရေးထားတဲ့စာတွေက ထရစ္စီရေးထားတဲ့စာတွေနဲ့တူနေတာတွေ့လိုက်ရတဲ့နောက်မှာ ပေါလ်ဟာထရစ္စီရှိတဲ့ဆီပြန်လာပြီးအကြီးအကျယ်စစ်ဆေးမေးမြန်းပါတော့တယ်။ အဲဒီအချိန်မှာပဲ ထရစ္စီရဲ့ခန္ဓာကိုယ်ထဲကနေထွက်လာတဲ့အရာဝတ္ထုတစ်ခုကြောင့်ပေါလ်ဟာလုံးဝမယုံကြည်နိုင်လောက်အောင်ဖြစ်သွားချိန်မှာပဲထရစ္စီဟာပေါလ်ရဲ့ခေါင်းကို ရိုက်နှက်ပြီးမေ့မျောသွားအောင်လုပ်လိုက်ပါတော့တယ်။ပေါလ်သတိရတဲ့အခါ ဘာတွေဆက်ဖြစ်မလဲ..ထရစ္စီခန္ဓာကိုယ်ထဲကထွက်လာတဲ့အရာဟာဘာလဲ။ ဝီလ်ကကော ဘယ်ရောက်သွားလဲ..။ဝီလ်ဟာအဓိကလက်သည်ဖြစ်နိုင်လား..။ ဝီလ်ရဲ့ဇနီးသည်အန်နီကကော တကယ်ပဲစိတ်မူမမှန်နေတာဟုတ်ပါ့မလား..။ ထရစ္စီကိုယ်တိုင်ကကော ရိုးရိုးသားသားပဲလား..ဟန်ဆောင်နေတာလား..။ သူတို့နှစ်ဦးရဲ့ကံကြမ္မာဘယ်လိုဆက်ဖြစ်မလဲဆိုတာဇာတ်လမ်းလေးကို ဆက်လက်ရှုစားကြဖို့ ChannelMyanmar ပရိတ်သတ်ကြီးအတွက်တင်ဆက်လိုက်ရပါတယ်။