အဆင့်မြင့် တိုက်တွေ ကားတွေနဲ့ 5G အထိ တိုးတက်နေတဲ့တရုတ်ပြည်မှာ အားနည်းချက်က ဘာလဲဆိုရင် လူတွေပင်ပန်းတာပါပဲ…ဘယ်လောက်တောင် ပင်ပန်းလဲဆို ၃ နှစ်အရွယ် ကလေးကအစ ၂၄ နာရီအပြည့် လေ့လာမှု အပြည့်နဲ့ ကျောင်းကောင်းမှာ ဝင်ခွင့်အောင်အောင် ကြိုးစားနေရတာပေါ့ဒီလိုကြိုးစားနေတဲ့ထဲ တရုတ်ရိုးရာ ချေးချွတ်ရေချိုးကန်လေးပိုင်ရှင် လေတလီတို့ သားအဖလည်း ပါတာပေါ့…မိတဆိုးလေး လေရှောင်မိအပေါ် လေတလီတစ်ယောက် မျှော်လင့်ထားတာ ၂ ချက်ပဲရှိတယ်…တစ်ခုက ပျော်ရွှင်စွာ ဘဝကို ဖြတ်သန်းဖို့…နောက်တစ်ခုကတော့ ဆုံးသွားတဲ့ သူ့အမေလိုပဲ ပညာရေးမှာ ထူးချွန်စေချင်တာပေါ့…ဒီလိုနဲ့ လေတလီတစ်ယောက် ရှောင်မိကို နာမည်ကြီး ကိုယ်ပိုင်မူလတန်းကျောင်း ထားဖို့ စွန့်စားခန်း တစ်ခုပြီး တစ်ခု စမ်းသပ်ပြီးနောက်မှာတော့ရှောင်မိကို ကျောင်းကောင်ထားပေးဖြစ်မှာလား…လေတလီပဲ လက်လျှော့လိုက်မှာလား…ပိုကောင်းတဲ့ ရွေးချယ်မှုပေါ်လာမှာလား…ဇာတ်ကားလေးကြည့်ရင် အဖြေတစ်ခုနဲ့ ခံစားချက်တစ်ဖုံရလာမှာမို့မိဘကိုချစ်တဲ့သားသမီးတို့ သားသမီးကို ချစ်တဲ့ မိဘတို့ ကြည့်သင့်တဲ့ဇာတ်ကားလေးမို့ ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်