Butcher's Crossing HD

Butcher's Crossing

Drama Western HD 2023-10-20 6.8 105 Min

Western ကန်းထရီးစတိုင်နာမည်ကြီး ဖြစ်ရပ်မှန်၀တ္ထုကို ကိုးကားပြီးရိုက်ထားတဲ့ 1900 အစောပိုင်းက အမေရိကန် – အင်ဒီးယန်း ကျွဲမုဆိုးတွေအကြောင်းပါ။ မင်းသားကလည်း ဂန္တ၀င် Nicols Cage ဆိုတော့သေချာပေါက်ကြည့်သင့်ပါတာပေါ့။ဇာတ်လမ်းအကျဉ်းကတော့ 1900 အစောပိုင်းမှာ အမေရိကန် ကျေးလက်နယ်တွေမှာ ကျွဲအရေခွံရောင်းတဲ့ဈေးကွက်အတော်လေးခေတ်စားခဲ့တယ်။ အမေရိကန်ကျွဲဆိုတာ မြန်မာမှာဆိုရင်တော့ အမွှေးထူ(bison) ပြောင်ကြီးတွေပေါ့၊ ဒီကျွဲတွေက ရတဲ့ အရိုး ၊ အသား ၊ အရေခွံတွေအားလုံးဟာ တစ်ခုမှ ပစ်စရာမရှိအောင် အသုံး၀င်လွန်းတယ်။ အဲထဲမှာမှ အရေခွံကတော့ ဈေးအရဆုံးပေါ့။ဟားဗက်ကျောင်းထွက် ဝီလီယံဂာ သူ့ဘ၀ရဲ့ဝါသနာပါရာကိုရှာဖွေဖို့ဆိုပြီး ခရီးထွက်ခဲ့ရာကနေ ကော်လိုရာဒိုရဲ့တောင်တန်းတွေအောက်က စိန့်လူး၀စ်ဆိုတဲ့ ရွာဘေးကိုရောက်လာပါတယ်။ တစ်ရွာလုံးက ကျွဲမုဆိုးတွေအခြေချရာနေရာဖြစ်ပြီး သူကလည်း အမဲလိုက်အဖွဲ့ထဲ ပါချင်သွားပါတယ်။ ဒါပေမယ့် သူ့လိုဖြူဖက်ဖြူရော်ကောင်လေးကို ဘယ်မုဆိုးမှအလုပ်သင်အဖြစ် လက်မခံပါဘူး။ မစ်လာ(Nicols Cage)ခေါ် ဝါရင့်မုဆိုးကြီးက သူနဲ့ ကျွဲအမဲလိုက်ဖို့ သဘောတူလိုက်ပြီး၊ လူသူအရောက်ပေါက်နည်းပြီး ရှားပါးကျွဲကြီးတွေရှိတဲ့ တောင်တန်းတွေပေါ် ခရီးဆက်ပြီးစွန့်စားခန်းထွက်ခဲ့ကြပုံတွေကို ဆက်လက်ကြည့်ရှူလိုက်ပါဦး။