ခရစ္စမတ်နဲ့ အချစ်ဇာတ်လမ်းချိုချိုလေးတွေဆိုတာ ခွဲမရတဲ့အရာတွေပါပဲနော်။အခု ခရစ္စမတ်အချိန်လည်းနီးပြီဆိုတော့ ဆောင်းရဲ့အအေးဓါတ်လေးနဲ့စောင်ခြုံပြီး အချစ်ဇာတ်လမ်းလေးတစ်ခုကို ရင်ခုန်ခံစားနိုင်ကြရအောင်လို့အသစ်စက်စက်ထွက်ရှိလာတဲ့ Joyeux Noelဇာတ်ကားလေးကိုဘာသာပြန်တင်ဆက်ပေးလိုက်ရပါတယ်။ဇာတ်လမ်းအညွှန်းပြင်သစ်နိုင်ငံကရွာလေးတစ်ရွာမှာ ရိုးရာပုံပြင်လေးတစ်ခုရှိပါသတဲ့။ခရစ္စမတ်အချိန်ကိုရောက်ရင် အဲဒီကခရစ္စမတ်စျေးလေးထဲမှာကိုယ့်ရဲ့ဖူးစာဖက်ကိုရှာတွေ့နိုင်တယ်ဆိုတာပါပဲ။အမေရိကန်နိုင်ငံက စာနယ်ဇင်းတိုက်မှာအလုပ်လုပ်နေတဲ့ လီယာဆိုတဲ့သူဟာအရမ်းစိတ်ကူးယဥ်ဆန်ပြီး သူ့ရဲ့ဖူးစာဖက်ကိုပုံပြင်ဆန်ဆန်တွေ့နိုင်မယ်လို့ယုံကြည်နေတဲ့သူပါ။ သူဟာ တစ်ရက်မှာတော့ သူ့အမေနဲ့ခရစ္စမတ်လက်မှုပစ္စည်းလေးတွေသွားဝယ်ရင်းနဲ့ တေးဂီတသေတ္တာဟောင်းလေးတစ်ခုကိုဝယ်ခဲ့ပါတယ်။အဲဒီသေတ္တာဟောင်းလေးထဲကနေ ဒိုင်ယာရီစာအုပ်တစ်အုပ်ကိုရှာတွေ့ခဲ့ပြီး အဲဒီဒိုင်ယာရီစာအုပ်ဟာ ပြင်သစ်က ရွာလေးတစ်ရွာမှာ ဖြစ်ပျက်ခဲ့တဲ့အချစ်ဇာတ်လမ်းတစ်ခုကိုရေးထားတာပါ။ ပြီးတော့လတ်တလောအရမ်းနာမည်ကြီးနေတဲ့ ပန်းချီကားတစ်ချပ်နဲ့လည်း ဆက်နွယ်နေပါသေးတယ်။ အဲဒါကြောင့်အဲဒီဇာတ်လမ်းကို ဆောင်းပါးအဖြစ်ထုတ်ဝေဖို့ကြိုးစားပေမဲ့အဲဒီဒိုင်ယာရီရဲ့နောက်ဆုံးစာရွက်အချို့ဟာစုတ်ပြဲနေခဲ့ပြီး ဘယ်လိုအဆုံးသတ်လဲဆိုတာကိုမသိရပါဘူး။ ဒီလိုနဲ့ ပြင်သစ်နိုင်ငံက အဲဒီမြို့လေးကို လီယာနဲ့ မက်ခ်လို့ခေါ်တဲ့နှစ်ယောက်က အတူသွားပြီးဒိုင်ယာရီရဲ့အဆုံးသတ်ကိုရှာဖို့ဖြစ်လာပါတော့တယ်။လီယာနဲ့မက်ခ်တို့နှစ်ယောက် လှပလွန်းတဲ့ပြင်သစ်နိုင်ငံကမြို့လေးတစ်မြို့ထဲမှာဒိုင်ယာရီစာအုပ်ရဲ့ဇာတ်ကောင်နှစ်ယောက်ကိုဘယ်လိုရှာဖွေကြမလဲဒိုင်ယာရီထဲကဇာတ်ကောင်နှစ်ယောက်က ပျော်ရွင်ဖွယ်အဆုံးသတ်ကိုပိုင်ဆိုင်ခဲ့ကြရပါ့မလား၊ပြီးတော့ အကျင့်စရိုက်လုံးဝမတူတဲ့ လီယာနဲ့မက်ခ်တို့ကြားကအချစ်ဇာတ်လမ်းလေးကလည်း ဘယ်လိုစတင်လာမလဲဆိုတာကို ပေါ့ပေါ့ပါးပါးကြည့်ရှုခံစားကြရမှာပဲဖြစ်ပါတယ်။