ဇာတ်လမ်းအကျဥ်းကတော့ ရွိုင်းဆိုတဲ့ ခရစ်ယာန်သခင်ရဲ့ ခွေးထီးလေး “တွန်မီ”ကခြေမွေးလက်မွေးမီးမလောင်ပဲ အချစ်ခံထားရတဲ့ ခွေးလေးဖြစ်ပြီးသားစပ်ဖို့လာကြတဲ့ ခွေးမလေးတွေကိုလည်း သခင်က မျိုးရိုးမကောင်းလို့ဆိုပြီးဇွတ်တွေ ငြင်းလွှတ်ရတဲ့အထိ ဂရုစိုက်ခံရပါတယ်တစ်ဖက်အိမ်မှာလည်း အထက်ပုဂ္ဂိုလ် ဘရာမင် မိသားစုက မျိုးနဲ့ရိုးနဲ့ “အာမလူ” ဆိုတဲ့ခွေးမချောလေးတစ်ကောင် ရှိနေပါတယ်ကိုကြက်ဖကြီးရဲ့ အကူအညီနဲ့ သူတို့နှစ်ကောင် ဆုံစည်းခဲ့ရပြီး ခွေးငယ်သဘာဝချစ်ကြိုက်မိကြပါတယ် ဒါပေမယ့်လည်း မျိုးရိုးဘာသာမတူကြတဲ့နှစ်ဖက်မိသားစုက ကန့်ကွက်တာကြောင့် ခိုးပြေးခဲ့ကြပြီး တစ်နေ့မှာတော့ ခွေးမလေးကိုတရားမဝင်ခွေးတွေလိုက်ဖမ်းပြီး စမ်းသပ်မှုတွေလုပ်နေတဲ့ စီးပွားရေးသမားက ပြန်ပေးဆွဲသွားပါတော့တယ်အချစ်အတွက်နဲ့ ချမ်းသာတဲ့ သခင်မိသားစုကို ကျောခိုင်းခဲ့တဲ့ သူတို့လေးနှစ်ကောင်လူဆိုးတွေရန်က ဘယ်လို လွတ်အောင်ကြံပြီး တိုက်ပွဲဝင်ကြမလဲ ဆိုတာကိုတော့ CM ပရိသတ်ကြီးပဲ ဆက်ကြည့်လိုက်ပါဗျမိသားစုနဲ့အတူ အပန်းပြေ ကြည့်လို့ရတဲ့ family drama ဖြစ်တာနဲ့အညီကြည်နူးစရာကောင်းတဲ့ပေါ့ပေါ့ပါးပါး ဇာတ်လမ်းမျိုးလည်းဖြစ်…သရုပ်ဆောင်ခွေးလေးတွေကလည်း အစစ်တွေနဲ့ ရိုက်ထားတာမလို့အချိန်ပေးကြည့်ရတာ တန်မယ့် ကားလေးတစ်ကားဖြစ်တယ်လို့ ပြောပါရစေ