Boxing Champion Mother HD

Boxing Champion Mother

Action Comedy HD 2022-02-18 8.3 0 Min

ဒီဇာတ်လမ်းလေးကတော့  မိသားစုအတွက် နဲ့ မဆုတ်မနစ်ကြိုးစားတဲ့မိခင်တစ်ယောက်ရဲ့စိတ်ဓာတ်ကိုဖော်ကျူးထားတဲ့ဇာတ်လမ်းလေးပါ…ရှောက်ရှောက်က နေ့တိုင်းပန်းပို့ရင်း အလုပ်ကြိုးစားနေပြီး မိသားစုကိုထောက်ပံ့နေရတဲ့ အမျိုးသမီးတစ်ယောက်ပါ….အသက်ကြီးနေတဲ့ ယောက္ခမ အရက်သမားယောက်ျားနဲ့စကားပြောမှုမဖွံ့ဖြိုးတဲ့ကလေး ကိုကျွေးမွေးစောင့်ရှောက်နေရသူမိန်းကလေးတစ်ယောက်အနေနဲ့ အများကြီး ပင်ပန်းဆင်းရဲရပါတယ်…တစ်နေ့မှာ ဘဝရဲ့အချိုးအကွေ့တစ်ခုလို့ခေါ်လို့ရတဲ့အခွင့်အရေးတစ်ခုပေါ်ပေါက်လာခဲ့တယ်….ရိုက်ကွင်းတစ်ခုကို ပန်းလိုက်ပို့ရင်း ပြသာနာ​တွေဖြစ်ခဲ့ပေမယ့်အရန် ဇာတ်ကောင်နေရာမှာ ရိုက်ကူးရေးလုပ်ဖို့ ဒါရိုက်တာရဲ့တောင်းဆိုခြင်းခံခဲ့ရတယ်…ဒါရိုက်တာရဲ့သဘောကျခြင်းခံရပြီး နောက်ဇာတ်လမ်းတစ်ခုဖြစ်တဲ့‘လက်ဝှေ့ ချန်ပီယံ မေမေ ‘ ဇာတ်လမ်း လူရွေးပွဲ ပြိုင်ဖို့အကြံပေးခံခဲ့ရတယ်…အခက်အခဲ အမျိုးမျိုးကြုံတွေရတဲ့ သူ့အတွက် မျှော်လင့်ချက်တစ်ခုဖြစ်တဲ့ဒီဇာတ်လမ်းအတွက် ဝင်ပြိုင် ဆုံးဖြတ်ပြီးနောက် ဘာတွေဆက်ဖြစ်နိုင်မလဲ….ဘယ်လို အခက်အခဲတွေ ထပ်စောင့်နေဦးမှာလဲ….အဆင်ပြေလာဖို့ မျှော်လင့်ချက်လေးကရောပြည့်ဝလာနိုင်မှာလားဆိုတာစောင့်မျှော်ကြည့်ရှုပေးကြပါဦးနော်….