မရိုးနိုင်တဲ့ ကျောင်းတွင်းအကြမ်းဖက်ကားသစ်လေး ထွက်ရှိလာပါပြီ…Penthouse ထဲက ဘယ်ရိုနာလို့ လူသိများတဲ့ မင်းသမီး Kim Hyeon Soo နဲ့အတူ Crash Course In Romance မှာဂွန်းအူနဲဆူအာအဖြစ် အတွဲညီညီ သရုပ်ဆောင်ခဲ့တဲ့ Lee Min Jae နဲ့ Kang Na Eon တို့ကmain cast အနေနဲ့ ပါ၀င်ထားပါတယ်….ဂန်မင်ဂျူ (Kang Na Eon)က ကျောင်းတွင်းအကြမ်းဖက်မှုခံနေရသူလေးပါတခြားအတန်းဖော်သူငယ်ချင်းတွေနဲ့ မျက်လုံးချင်းဆုံခဲ့ရင်တောင် ချက်ချင်းဆိုသလိုပဲအကြည့်ရှောင်ပစ်လိုက်ကြပါတယ်လျစ်လျူရှုမှု ပြက်ရယ်ပြုမှုတွေနဲ့ ကျင့်သားရနေပြီဖြစ်တဲ့ မင်ဂျူတစ်ယောက် သူ့မွေးနေ့ကိုရောက်ဖို့ ၄၅မိနစ်အလိုမှာပဲအားလုံးမထင်မှတ်ထားတဲ့ကိစ္စဖြစ်သွားပါတယ်..ဒီကိစ္စဖြစ်ပြီးချိန်မှာ အားလုံးဟာ ရှော့ရသွားကြပါတယ်..ဒါနဲ့ပတ်သက်တဲ့ ကျောင်းသားတွေအားလုံးဘယ်လိုတုန့်ပြန်ပြီးဘယ်လိုရင်ဆိုင်ကြမလဲဆိုတာကိုတော့..